စစ်တပ်မှ လူငယ်တစ်ဦးကို နှစ်လနီးပါးထိန်းသိမ်းထားပြီးမှ ရဲသို့လွှဲပြောင်း

စစ်တပ်မှ လူငယ်တစ်ဦးကို နှစ်လနီးပါးထိန်းသိမ်းထားပြီးမှ ရဲသို့လွှဲပြောင်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လူငယ် တစ်ဦးကို စစ်တပ်မှ နှစ်လနီးပါး ထိန်းသိမ်းထားပြီးမှ ရဲလက်သို့သို့ လွှဲပြောင်းလိုက်သည်ဟု သတင်းရရှိသည်။

Mg Bo Than၎င်းလူငယ်မှာ မင်းပြားမြို့နယ် ပန်းမြောင်းမြို့ အနီးတွင် တည်ရှိသော ပွဲရက္ကံဆိပ်ကျေးရွာမှ ဦးဦးသာကျော်၏ သား မောင်ဘိုသန်း (၂၅) နှစ်ဖြစ်ကြောင်း သိရသည်။

မောင်ဘိုသန်းအား မြောက်ဦး အခြေစိုက် ခမရ (၃၇၈)မှ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ် သံသယဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နှစ်လနီးပါး အကြာ မတ်လ ၂၂ ရက်နေ့က ကျောက်တော် ရဲစခန်းသို့ လွှဲပြောင်းခဲ့သည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များအရေးကို ဆောင်ရွက်နေသူ ကိုကျော်လှမြင့် က ပြောဆိုသည်။

မောင်ဘိုသန်းအား ကျောက်တော်ရဲစခန်းသို့ လွှဲပြောင်းလိုက်သဖြင့် ယခုအခါ ကျောက်တော်ရဲစခန်းတွင် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃၆ ဦးရှိသွားပြီ ဖြစ်ကြောင်း ကျောက်တော်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ ဟုတ်ကဲ့။ မနေ့က လူငယ်တစ်ဦးကို စစ်တပ်က လာပို့ပါတယ်။ မောင်ဘိုသန်းဖြစ်ပါတယ်။ နောက်ထပ် တစ်ယောက်တိုးလာတဲ့ အတွက် အခု အေအေနဲ့ ဆက်စပ် ဖမ်းဆီးခံထားရသူ ၃၆ ဦးထိ ကျောက်တော် အချုပ်မှာ ရှိပါတယ်” ဟု သူက ပြောသည်။

မောင်ဘိုသန်းအား မတရားအသင်း ပုဒ်မ ၁၇ (၁)/ ၁၇ (၂) ဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...