“သယံဇာတကျိန်စာကိုတိုက်ဖျက်ခြင်း”အစီရင်ခံစာသစ် မိတ်ဆက်ပွဲ ပြုလုပ်

“သယံဇာတကျိန်စာကိုတိုက်ဖျက်ခြင်း”အစီရင်ခံစာသစ် မိတ်ဆက်ပွဲ ပြုလုပ်
by -
နိရဥ္စရာ
ထုတ်ဝေလိုက်သော “သယံဇာတကျိန်စာတိုက်ဖျက်ခြင်း”အစီရင်ခံစာနှင့် ပတ်သက်ပြီး မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ (မတ်လ ၂၂ ) ရက်နေ့က ရန်ကုန်မြို့၌  ပြုလုပ်ခဲ့သည်။

ယင်း အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ဦးဆောင်ရှင်းလင်းသူများမှ  သဘာဝ သယံဇာတကို ဒေသခံပြည်သူများ အနေဖြင့် ကိုယ်တိုင်စီမံခန် ့ခွဲပိုင်ခွင့် ရရှိရေး၊ ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်မီ လက်ရှိ အခြေအနေတွင် သဘာဝ သယံဇာတ တူးဖော်မှုကို ရပ်ဆိုင်ထားရေး စသည့် အချက်များကို အဓိကရည်ရွယ် ရှင်းလင်းခဲ့ကြသည်။

ဦးဆောင်ရှင်းလင်းသူထဲမှ တစ်ဦးဖြစ်သည့် ကျောက်ဖြူကျေးလက်ဒေသဖွံ ့ဖြိုးရေးအသင်း အတွင်းရေးမှူး ကိုထွန်းကြည်က ” အစီရင်ခံစာမှာ အဓိက မီးမောင်းထိုးပြထားတဲ့ အချက်တွေကတော့  ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးနဲ ့သယံဇာတကို ကိုယ်တိုင် စီမံခန် ့ခွဲနိုင်ရေးပါ။ ကျွန်တော်တို ့ဒေသမှာ ဒီလို သယံဇာတထုတ်လုပ်မှုတွေကြောင့် ပြည်သူတွေက အကျိုးမခံစားရတဲ့ အပြင် ဆိုးကျိုးတွေနဲ့သာ ကြံုခဲ့ရတယ်။  ခု ထုတ်လိုက်တဲ့ အစီရင်ခံစာဟာ သူတို  ့အတွက် အသုံးဝင်တယ် မဝင်ဘူး၊ အကျိုးရှိတယ်/ မရှိဘူး ဆိုတာကတော့ သူတို ့(အာဏာပိုင်တွေ) ဘယ်လောက်ထိ အသုံးပြုတယ် မပြုဘူးဆိုတဲ့အပေါ် မူတည်ပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် သဘာဝဓာတ်ငွေ့များကို ထုတ်ယူပြီး တရုတ်ပြည်သို့ တင်ပို့နေသော်လည်း ဒေသခံ ပြည်သူများမှာ လယ်မြေများအတွက် လျော်ကြေးငွေများကို ယခုအချိန် အပြည့် မရသည့် အပြင် လျှပ်စစ်မီးလည်း မရရှိဘဲ ဖြစ်နေကြောင်း၊ သဘာဝ သယံဇာတ ထုတ်ယူမှုကြောင့် တိုးတက် ဖွံ့ဖြိုးမှု တစ်စုံတစ်ရာ မရှိသည့် အပြင် ဒေသခံ လူထုမှာ ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း ကိုထွန်းကြည်က ဆက်လက် ထောက်ပြ ပြောဆိုသည်။

ဦးဆောင်ရှင်းလင်းသူ ရခိုင့်ရေနံ စောင့်ကြည့်ရေးအဖွဲ  ့၏ ဒါရိုက်တာ ဦးကျော်ခိုင်ကလည်း ယခု လက်ရှိ သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်နေသည့် နယ်မြေများတွင် ငြိမ်းချမ်းရေး မရသေးသည့် အတွက် ငြိမ်းချမ်းရေး ရသည့် အချိန်ထိ တူးဖော်မှုများကို ရပ်ဆိုင်းရန် လိုကြောင်း၊ ၎င်းပြင် သဘာဝ သယံဇာတ တူးဖော်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရကြား အကျိုးတူ ခွဲဝေသုံးစွဲခွင့်ပြုရန် သဘောတူညီမှု ကတိကဝတ်များလည်း မရှိသေးသဖြင့် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းရန် လိုအပ်နေကြောင်း ပြောဆိုသည်။

“သယံဇာတကျိန်စာကို တိုက်ဖျက်ခြင်း”နှင့် ဗဟိုအစိုးရချုပ်ကိုင်မှု အာဏာကို လျှော့ချ၍ သယံဇာတဆိုင်ရာ စီမံခန် ့ခွဲခြင်း” အစီရင်ခံစာသစ် မိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၂၂ ရက်နေ ့ နံနက်က ရန်ကုန်မြို  ့ ဒဂုံမြို  ့နယ် အလုံလမ်း အမှတ် ၃၅၀ ရှိ Summit Parkview Hotel တွင် ပြုလုပ်
ခဲ့ရာ  သတင်းထောက် အများအပြား တက်ရောက် သတင်းယူခဲ့ကြသည်။

ယခု အစီရင်ခံစာကို ရခိုင်ရေနံ စောင့်ကြည့်ရေး အဖွဲ့မှ  ဒေသခံ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တစ်နှစ်ကြာ လေ့လာမှု ပြုလုပ် ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

“သယံဇာတကျိန်စာကို တိုက်ဖျက်ခြင်း(Breaking the Curse) ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင်

၁။ ငြိမ်းချမ်းရေးတည်ဆောက်ပါ။

၂။ ကျယ်ပြန် ့သော ပါဝင်မှုကို ဖြစ်ပေါ်စေခြင်း။

၃။ ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုအာဏာကိုညခွဲဝေလျှော့ချခြင်း။

၄။သဘာဝသယံဇာတပိုင်ဆိုင်မှုတွင် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုအာဏာကို ခွဲ ဝေလျှော့ချခြင်း ။

၅ ။ သဘာဝသယံဇာတထိန်းချုပ်မှုနှင့် စီမံခန်ခွဲမှုတွင် ဗဟို အစိုးရအာဏာကို ခွဲဝေလျှော့ချခြင်း

၆ ။သဘာဝသယံဇာတမှ ရရှိသော ငွေကြေးများကို ကောက်ခံရာတွင် ဗဟိုချုပ်ကိုင်မှု အာဏာကို ခွဲဝေလျှော့ချခြင်း စသည့် ကပ်ဘေးဆိုးအား တိုက်ဖျက်ချေမှုန်းရန် အရေးကြီးသည် ့ အခန်းကဏ္ဍ ခြောက်ရပ်အား နိုင်ငံတကာ အတွေ ့အကြံု များနှင့်အတူ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ရေးသား
ထားခြင်းဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...