ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီဖွဲ့စည်း

ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီဖွဲ့စည်း
by -
နိရဥ္စရာ
ရန်ကုန်မြို့တွင် ကျင်းပမည့် (၁၃)  ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် အတွက်  ကျင်းပရေး ကော်မတီကို မတ်လ ၁၉ ရက်နေ့က ဖွဲ့စည်းလိုက်ပြီ သတင်း ရရှိသည်။

ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တာဝန်ကို ယခင်နှစ်က တာဝန်ယူခဲ့ကြသူများဖြစ်ကြသည့်  ဦးအေးမောင်နှင့် ဦးခင်မောင်သန်းတို့အား ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြပြီး ဒုဥက္ကဋ္ဌအဖြစ် ဦးသန်းမောင်နှင့် ကော်မတီအဖွဲ့ဝင် ၁၀ ဦး၊ နာယက အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

ရန်ကုန်မြို  ့ ဗဟန်းမြို့ နယ် အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် မတ်လ ၁၉ ရက်နေ ့ နေ ့လယ် က တတိယအကြိမ် အစည်းအဝေးတွင် ပွဲတော် ကျင်းပရေး ကော်မတီကို ထိုသို့ ဖွဲ ့စည်း တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီ နာယက တစ်ဦးဖြစ်သည့် သမိုင်ပညာရှင် ဒေါက်တာ အေးချမ်းက “အမျိုးသားရေး အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ပြီး အမျိုးသားရေး အသိစိတ်ဓာတ် နဲ ့အမျိုးသားရေးပွဲတော်ကို အားလုံးဝိုင်းဝန်း ကျင်းပပြုလုပ်ကြပါ”ဟု အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီ၏ ဦးဆောင်နာယကဖြစ်သည် ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က”ကျွန်တော်တို ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ဟာ ပျော်ပွဲ ရွှင်ပွဲသက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို ့ ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းဖော်ထုတ်ပြသတာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာနဲ ့သက်ဆိုင်နေပါတယ်။နောက်တစ်ခုက ရခိုင်တိုင်းရင်းသား ရိုးရာသင်္ကြန်ပွဲတော်ဆိုပေမယ့် ကျန်တိုင်းရင်းသားတွေလည်း လာရောက်ရေပက်ကစားနိုင်သလို ရခိုင်အစားအစာတွေကိုလည်း စားသုံး နိုင်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရာလည်း ရောက်ပါတယ်။ ဒါကြောင့် ၁၃ ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျန်တိုင်းရင်းသားတွေလည်း လာရောက်ဆင်နွှဲကြဖို ့ ဖိတ်ခေါ်ပါတယ်”ဟု မီဒီယာများသို ့ဆိုသည်။

ကျင်းပရေးကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုညီညီမောင်က ” ဒီနှစ်တော ့ ပွဲတော်ကို လာရောက်ဆင်နွှဲသူတွေ ပိုမိုအဆင်ပြေအောင်အတွက် အစားအစာတွေ ရောင်းချတာတွေကို စျေးအများကြီး တင်မရောင်းအောင် စီစဉ်ထားပါတယ်။ အစားအစာတွေ ရောင်းချမယ့် စျေးသည်တွေ အတွက်လည်း ဆိုင်ခန်းခတွေကို ပြီးခဲ့နှစ်ကထက် သက်သာအောင် စီစဉ်ထားပါတယ်။ အဓိကတော ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို လူတိုင်း သက်သက်သာသာနဲ ့လာရောက်ဆင်နွှဲနိုင်အောင်လို ့ပါ”ဟု နိရဥ္စရာသို ့ပြောသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး ရခိုင်အသင်းအဖွဲ ့များ စုပေါင်းကျင်းပမည့် ၁၃ ကြိမ်မြောက် ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲ၊ ရေလောင်းပွဲ အစီအစဉ် သုံးခုဖြင် ့နှစ်စဉ်ပြုလုပ်နေကျ အတိုင်း ပြုလုပ် ကျင်းပသွားမည် ဖြစ်ပြီး  ရခိုင်ရိုးရာအကများ တေးသီချင်းများဖြင် ့စင်တင် ဖြေဖျော်မှုများလည်း ပါဝင်ကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...