ဒေသတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှုအခြေအနေ မွန်အမျိုးသမီးညီလာခံတွင်ဆွေးနွေးခဲ့

ဒေသတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှုအခြေအနေ မွန်အမျိုးသမီးညီလာခံတွင်ဆွေးနွေးခဲ့
မွန်အမျိုးသမီးညီလာခံ (MNA)
မွန်အမျိုးသမီးညီလာခံ (MNA)
မတ်လ ၁၉- ၂၀ ရက်နေ့များအတွင်း မွန်အမျိုးသမီးကွန်ယက်က ဦးစီးကျင်းပသည့် မော်လမြိုင်မြို့တွင်ကျင်းပခဲ့သည့် မွန်အမျိုးသမီးညီလာခံတွင် ဒေသရှိအမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများအား ထည့်တွင်းဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

ညီလာခံကိုယ်စားလှယ် ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မိသန်းဋ္ဌေးက “ကျွန်မတို့ဒေသမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက နည်းပါတယ်၊ အဖြစ်များတာ အိမ်တွင်းအကြမ်းဖက်မှုပဲများတယ်၊ အဲ့လိုဖြစ်လာလျှင် အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်းကလည်း ဝင်ပြီးဖြေရှင်းပေးခဲ့တယ်၊ ရှင်းပြတယ်ပေါ့၊ ရှင်းမရတဲ့အခါလည်း ဥပဒေကရှိပါတယ်၊ အိမ်တွင်းအကြမ်းဖက်မှုလုပ်လို့မရဘူးဆိုတာ လိုက်ပြောပြရတာရှိတာပေါ့” ဟု ပြောသည်။

ယင်းသို့လုပ်ဆောင်ခဲ့သည့်အတွက် အိမ်တွင်းအကြမ်းဖက်မှု နည်းပါးလာသည်ကိုတွေ့ရှိလာရသဖြင့် ယခုနည်းလမ်းက ပိုမိုထိရောက်နိုင်သည်ဟု သူမကဆက်ပြောခဲ့သည်။

ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာနေ မင်းလွီသစ္စာက “ကျနော်တို့ဒေသဘက်မှာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာများတယ်၊ ကလေးတွေက ကျောင်းသွားရင် ရွာနဲ့ကျောင်းက ဝေးတယ်၊ လမ်းမှာ အကြမ်းဖက်ခံရဖူးတယ်၊ အကြမ်းဖက်ပြီး ကလေးကိုသတ်ပစ်တဲ့ အဖြစ်အပျက်မျိုးရှိခဲ့ပါတယ်” ဟု ပြောသည်။

ယင်းသို့ ကလေးများ အကြမ်းဖက် မခံရရေးအတွက် ကျောင်းသွားကျောင်းပြန် ကြိုပို့ပေးရန် သာယာမွန်ကျေးရွာ မွန်လူငယ်အဖွဲ့က လုပ်ဆောင်ပေးရန် ရည်ရွယ်ထားသည်ဟု သူက ဆက်ပြောသည်။

မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက “အခုလိုနယ်ဒေသက ကိုယ်စားလှယ်တွေကို ဖိတ်တာကလည်း သူတို့နယ်မှာဖြစ်နေတဲ့ကိစ္စကို သူတို့သိများတယ်လေ ကျမတို့ထက်ပိုပြီး သူတို့ကတင်ပြနိုင်တယ်” ဟု ပြောသည်။

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ပိုင်ခေတ်ခန်းမ၌ ယခုကျင်းပသော ဒုတိယအကြိမ် မွန်အမျိုးသမီးညီလာခံသို့ မြို့နယ်အသီးသီးမှ အမျိုးသမီးအဖွဲ့ပေါင်း(၂၀)ကျော်မှ တက်ရောက်သူ (၁၀၀) ဦးကျော်ရှိသည်ကို တွေ့ရှိရသည်။

ပထမအကြိမ် အမျိုးသမီးညီလာခံကို မော်လမြိုင်မြို့ သာသနာ(၂၅၀၀) ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

မွန်အမျိုးသမီးကွန်ယက်အဖွဲ့တွင် မွန်အမျိုးသမီးအဖွဲ့၊ မွန်စေတနာအဖွဲ့၊ တိုးတက်သောမွန်လူငယ် အစည်းအရုံး၊ မွန်ပညာရေးဌာန၊ နယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့ (BHI) နှင့် အမျိုးသမီးစွမ်းရည် မြင့်တင်ရေးအစီအစဉ်အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...