ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး ပါတီကြီးနှစ်ခုအကြားဆွေနွေးမှုမရှိသေး

ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး ပါတီကြီးနှစ်ခုအကြားဆွေနွေးမှုမရှိသေး
by -
နိရဥ္စရာ
သမ္မတ၊ ဒုသမ္မတ နှစ်ဦးတို့အား မတ်လ ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ရွေးချယ် တင်မြောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ပါတီကြီး နှစ်ခု ဖြစ်ကြသော ရခိုင်အမျိုးသားပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြား ယခုအချိန်ထိ တစ်စုံတစ်ရာ ဆွေးနွေးမှု မရှိသေးကြောင်း သိရသည်။

ANP NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်မည်ကို ရခိုင်အမျိုးသားပါတီက သဘောတူပြီး ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီး (၅) နေရာကို ရခိုင်အမျိုးသားပါတီမှ ခန့်အပ်ရမည်ဖြစ်ကြောင်း တောင်းဆို ထားသည်ဟု ပြင်ပတွင် သတင်း ဖြစ်ပေါ်နေခြင်းမှာ မှန်ကန်ပါသလားဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဖိုးမင်းအား မတ်လ ၁၇ ရက်နေ့က ဆက်သွယ် မေးကြည့်ရာ ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

“ ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး NLD နဲ့ ကျွန်တော်တို့ အကြားမှာ ဆွေးနွေးမှု တစ်စုံတစ်ရာမရှိသေးဘူး။ ဒါကြောင့် ဒီသတင်းတွေဟာ ပါတီနဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအား မည်သည့် အချိန်တွင် ဖွဲ့စည်းပါမလဲဟု မေးမြန်းရာ သမ္မတမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ကို ရာတားရမည် ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် မှ တစ်ခါ ၀န်ကြီးများကို ရာတားရမည် ဖြစ်ကြောင်း၊ သို့သော် ပြည်နယ် လွှတ်တော်မှ အတည်ပြုပြီးမှသာ ၀န်ကြီးချုပ်၊ ၀န်ကြီးများ ခန့်အပ်နိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများကို ခန့်အပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးဖြင့် အများစု အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ၏ ပူးပေါင်းဆောင်ရွက်မှုကို မရရှိပါက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရာတွင် အဆင်မပြေမှုများ ပေါ်ပေါက်နိုင်သည် ဟု လေ့လာသုံးသပ်သူများက ပြောဆိုသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...