နိရဥ္စရာဂျာနယ် အတွဲ ၂၊ အမှတ် ၁၀ ထွက်ပြီ

နိရဥ္စရာဂျာနယ် အတွဲ ၂၊ အမှတ် ၁၀ ထွက်ပြီ
by -
နိရဥ္စရာ
မတ်လ ၂၀-၃၀ နေ့စွဲဖြင့် ထုတ်ဝေသော နိရဥ္စရာ ရခိုင်ဂျာနယ် အမှတ်၂၊ အတွဲ ၁၀ ယနေ့တွင် ထွက်ရှိလာဖြစ်သည်။

Cover 2 10စာမျက်နှာ (၃၆) မျက်နာပါ နိရဥ္စရာ ဂျာနယ်တွင် ဆောင်းပါးများ၊ ပြည်တွင်းပြည်ပ သတင်းများ၊ အင်တာဗျူးများဖြင့် ဝေဝေဆာဆာ ပါရှိလာသည်။

ဆောင်းပါးများအထဲတွင် ကျွန်တော်ပြောချင်သော ညီညွတ်ရေး၊ လေးမြို့ရေစီး ခေတ်ရေစီး၊ ဟုတ်ပါ့မလား မောင်ကာလု၊ အရပ်သား အစိုးရနှင့် စစ်ဘက်ဆက်ဆံရေး၊ အာဆင်းနစ်အဆိပ်သင့်ခြင်း၊ ကိုယ်ချင်းစာ တရားထဲမှာငြိမ်းချမ်းရေးဖူးဖွင့်ပါစေ၊ သမိုင်းတွေနဲ့ မြောက်ဦး ဘယ်ချိန်ထိပြိုလဲနေဦးမှာလဲ၊ ရခိုင်ပြည်ထုတ် သတင်းစာများ (ပြန်လည်ဖော်ပြခြင်း) တို့ ဖြစ်ကြသည်။

အင်တာဗျူးများထဲတွင် စစ်မြေပြင်တွင် အဖမ်းခံရပြီး ဆယ်ရက်နီးပါး ပေါ်တာပါသွားတဲ့ ရွာသားတစ်ဦးနဲ့ အင်တာဗျူး၊ တရုတ်ပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး ANP  ကိုယ်စားလှယ် ကျောက်ဖြူပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံနှင့် အင်တာဗျူး၊ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင် (၆) ဦးကို ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နှင့် အင်တာဗျူး၊ စာသင်ကျောင်း၊ ရေကန်လိုအပ်တယ်လို့ ပြောတဲ့ စစ်ပြေးရှောင် ကျေးရွာသား တစ်ဦးနှင့် အင်တာဗျူးတို့ ပါ၀င်သည်။

သတင်းများထဲတွင် မြန်မာကျွန်းသစ်နှင့်သစ်မာများဘင်္ဂလာဒေ့ရှ်သို့ တင်ပို့မှု စံချိန်တင် သတင်းအပါအဝင် တစ်ခြား စိတ်ဝင်စားစရာ သတင်းအများအပြားကို ဖော်ပြထားသည်။

စစ်တွေမြို့ အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးတွင် မတ်လ ၂၀ ရက်နေ့မှ စတင် ဖြန့်ချိမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...