ပူပြင်းခြောက်သွေ့မှုဒဏ်ကို ဘောလခဲမြို့တွင် ပိုသတိထားရန်သတိပေး

ပူပြင်းခြောက်သွေ့မှုဒဏ်ကို ဘောလခဲမြို့တွင် ပိုသတိထားရန်သတိပေး
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်အနေဖြင့် အယ်နီညိုနှင့် ပြင်းထန်သည့် ရာသီဥတုထုတ်ပြန်ကြေငြာချက်အရ ဘောလခဲမြို့နယ်တွင်း ပူပြင်းခြောက်သွေ့မှုဒဏ်ကို ပိုခံစားရနိုင်သည့်အတွက် သတိထားကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်သည်ဟု ကယားပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူးဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူးဦးကျော်ထင် ကပြောပါသည်။

bawlakae roks“အရင်နှစ်တွေထက် ပူပြင်းနေတဲ့အတွက်ကြောင့်မလို့ ပူပြင်းတဲ့ဒဏ်ကို လူတိုင်းခံစားနေရတယ်။ အထူးသဖြင့်တော့ ဘောလခဲလိုနေရာမျိုးမှာပေါ့ ဘောလခဲဟာ အပူချိန်က တော်တော်ကိုမြင့်မားတဲ့နေရာတွေဖြစ်တယ်။”ဟု ဦးကျော်ထင်က ပြောသည်။

နှစ်စဉ်ဧပြီလတွင် ဘောလခဲရာသီဥတုအပူချိန်သည် ၄၅.၅ ဒီဂရီစင်တီဂရိတ်အထိရှိလာသည့်အတွက် ပို၍ ပူပြင်းလာမည်ဖြစ်ကြောင်း သိရသည်။

မိုးရေချိန်နှင့်အပူချိန်တိို့သည် တခြားသောတိုင်းနှင့်ပြည်နယ်ကဲ့သို့ သိသိသာသာအနေထား ထူးခြားမှုမရှိသော်လည်း ယခင်နှစ် ပုံမှန်အပူချိန်ထက် ပိုလာသည်ဟု ဆိုသည့်အတွက် သတိထား သင့်သည်ဟု လွိုင်ကော်ခရိုင် ဒု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးငှာနမှူး ဒေါက်တာသောင်းလင်းက ပြောသည်။

“ကျနော်တို့က သိသိသာသာစိုးစိုးရွားရွားခံစားရမည့်ထဲမပါဘူး သို့သော် မပူဘူးလားဆိုတော့ ဒီနှစ်သာမန်နှစ်ထက် အရင်နှစ်တွေထက်စာရင်တော့ ပိုပူလိမ့်မယ်လို့ခန့်မှန်းထားကြတယ်။” ဟု ဒေါက်တာသောင်းလင်းက ပြောသည်။

ထို့ကြောင့် အပူချိန်ပြင်းထန်လာခြင်း၏ အကျိုးဆက်များကြောင့် ကူးစက်မှုမြန်ပြီး ပြင်းထန်းသည့် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပေါ်စေသည့်အတွက် သတိပေးနှိုးဆော်ချက်များကို မတ်လ ၁၄ ရက်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာက အရေးပေါ်ထုတ်ပြန်လိုက်ပါသည်။

ဦးနှောက်အမြှေးရောင်ရောဂါဟာ Neisseria Meningitidis (နပ်စရီးယား မန်နင်ဂျူတိုက် ဒက်စ်) ဘတ်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပေါ်တာဖြစ်ပြီး အချိန်မှီဆေးကုသမှုမခံယူပါက အသက်ဆုံးရှုံးနိုင်သည်အထိဖြစ်နိုင်သည်ဟု သိရသည်။

ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားသည့် လူနာသည် ချောင်းဆိုး၊ နှာချေခြင်းများမှတဆင့် တိုက်ရိုက်ကူးစက်နိုင်ပြီး ချွဲသလိပ်၊ ခန္ဓာကိုယ်အရည်နှင့် အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ခြင်းဖြင့် ဦးနှောက်အမြှေးရောင်ရောဂါကို ကူးစက်နိုင်သည်ဟုသိရသည်။

ရောဂါလက္ခဏာများမှာ လတ်တလော ပြင်းထန်စွာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဇက်တောင့်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အရေပြားအတွင်း သွေးခြေဥများထွက်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ သွေးလန့်ခြင်းလက္ခဏာ များဖြစ််ပေါ်တတ်သည်ဟုသိရသည်။

ဦးနှောက်အမြှေးရောင်ရောဂါကိုကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားပြီး နှာချေး၊ ချောင်းဆိုးသည့်အချိန်တွင် လက်ကိုင်ပဝါအသုံးပြုရမာဖြစ်ပြီး မိမိမှာရောဂါရှိ သည်ဟု သံသရှိသည့်အချိန်တွင် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ဆေးကုသရရန် ကျန်းမာရေးဌာနက သတိပေးတိုက်တွန်းထားပါသည်။

(El Nino) အယ်နီညို အကျိုးသက်ရောက်မှုမှာ အပူချိန်မြင့်မားမှုကြောင့် ခန္ဒ္ဓာကိုယ်အပူချိန်ထိန်းစနစ်ချို့ယွင်းပြီး ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှံုးခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ မူးမောပျို့အန်ခြင်း ၊ ကြွက်တက်ခြင်း ၊ စသည့် Heat Exhaustion ခေါ်အပူရှပ်ရောဂါရနိုင်ခြင်း ၊ Heat Exhaustion ကို အချိန်မီ ကာကွယ်ကုသမှုမပြုလုပ်နိုင်ပါက Heat Stroke ခေါ်အပူချိန် ၁၄၀ ဒီဂရီ F အထက်မြင့်တက်လာပြီး ချွေးလုံးဝမထွက်ခြင်း ၊ အရေပြားခြောက်သွေ့ပူပြင်းခြင်း ၊ သတိကောင်းစွာမရခြင်း ၊ ကယောင်ချောက်ချားဖြစ်ခြင်း ၊ သတိလစ်မေ့မြောခြင်း စသည်တို့ဖြစ်ပွားကာ စောစီးစွာဆေးကုသမှုမခံယူပါက အသက်ဆုံးရှံုးနိုင်သည်ဟု သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...