သိမ်းဆည်းမြေ ပြန်ရရေး ရခိုင်မှ တစ်ကိုယ်တော် ဆန္ဒပြသူ ထောင်သုံးလ ချမှတ်ခံရ

သိမ်းဆည်းမြေ ပြန်ရရေး ရခိုင်မှ တစ်ကိုယ်တော် ဆန္ဒပြသူ ထောင်သုံးလ ချမှတ်ခံရ
by -
နိရဥ္စရာ
ငပလီ ပင်လယ်ကမ်းခြေမှ သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည်ရရှိရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုသူ ကိုစိုးဝေအား သံတွဲမြို့နယ် တရားရုံးက မတ်လ ၂၆ရက်နေ့တွင် ပုဒ်မ၁၈ဖြင့် ထောင် (၃)လ ချမှတ်လိုက်သည်ဟု သူ၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးမှ ပြောသည်။

ကိုစိုးဝေသည် ယခုနှစ် ဇန်နဝါရီ ၂၈ရက်နေ့က Give Back Our Land (ငါတို့ မြေတွေ ပြန်ပေးပါ) စာသားပါ တီရှပ် အကျင်္ီကို ၀တ်ဆင်ပြီး ယင်းစာသားပါ ဗီနှိုင်း ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ပြီး ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ Hilton ဟိုတယ်ရှေ့မှ စတင်ကာ ငပလီလမ်းမကြီးတစ်လျှောက် ဆန္ဒဖော်ထုတ်လမ်းလျှောက်လာစဉ် ငပလီလမ်းဆုံ ဗိုလ်တဲရှေ့အရောက်တွင် ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ဆန္ဒဖော်ထုတ််မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ ယင်းကဲ့သို့ ထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီ ကမ်းခြေတစ်လျှောက်တွင် ဒေသအခြေစိုက် စစ်တပ် တပ်ရင်းများ တိုးချဲ့ရန် အကြောင်းပြချက်ဖြင့် မြေယာအများအပြားကို ဒေသခံများထံမှ သိမ်းဆည်းခဲ့သည်။ သိမ်းဆည်းပြီး နောက်ပိုင်းတွင် ယင်းမြေများပေါ်တွင် စစ်တပ်နှင့် ရင်းနှီးသူများကို  ဟိုတယ်များ တည်ဆောက်ခွင့် ပြုပေးခဲ့သည်ဟု ဆိုသည်။

ယင်းမြေများကို မူလပိုင်ရှင်များထံ ပြန်ပေးရန် ကိုစိုးဝေမှ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကိုစိုးဝေသည် ယခင်ကလည်း တစ်ကိုယ်တော် ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့သဖြင့် ထောင် (၉)လထိ ချမှတ်ခံခဲ့ရဖူးကြောင်း သိရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ အတွင်းကလည်း ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတွဲမြို့မှ နတ်မောက်မြို့ထိ တစ်ကိုယ်တော်လမ်းလျှောက်ဂုဏ်ပြုခဲ့သဖြင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံခဲ့့ရသူလည်း ဖြစ်ကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...