ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေး ပွဲဖြေ ဆိုရန် ပျက်ကွက်သူ ၁၃၀၀ ကျော်ရှိ

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေး ပွဲဖြေ ဆိုရန် ပျက်ကွက်သူ ၁၃၀၀ ကျော်ရှိ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ရှိသူ ကျောင်းသားကျောင်းသူ စုစုပေါင်း တစ်သောင်းကျော်ရှိသည့် အနက် ၉ ထောင်ကျော်ကသာ ၀င်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၁၃၀၀ ကျော်ရှိခဲ့သည်ဟု အစိုးရ၏ထုတ်ပြန်ချက် အရသိရသည်။

thantlang sianinn 300x190အစိုးရ၏ထုတ်ပြန်သောစာရင်းအရ စာစစ်ဌာန ၂၃ ခုရှိသော ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်ရှိသူ ကျောင်းသား ၄၆၇၂ နှင့် ကျောင်းသူ ၆၅၁၆ ဦး စုစုပေါင်း ၁၁၁၈၈ ဦးရှိခဲ့ပြီး ယင်းအထဲတွင် ကျောင်းသား ၄၀၃၇ နှင့် ကျောင်းသူ ၅၈၀၆ ဦး စုစုပေါင်း ၉၈၄၃ ဦးကသာဖြေဆိုခဲ့ကြသည်ဟု သိရသည်။ ဖြေဆိုရန် ပျက်ကွက်သူဦးရေမှာ ၁၃၄၅ ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ချင်းပြည်နယ်၏ ပျက်ကွက်မှုပမာဏသည် ၁၂.၀၂ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတိုင်း နှင့်ပြည်နယ် အားလုံးအနက် ပျက်ကွက်မှုရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်။

ယမန်နှစ်က ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၉၆၃၉ ဦးရှိခဲ့ပြီး စုစုပေါင်း ၁၇၂၀ ဦးအောင်မြင်ခဲ့ကြသည်။ ယင်းအထဲတွင် ၆ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်(၁)၊ ၄ ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ ၂ ဘာသာဂုဏ် ထူးရှင် (၄၃)ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် (၂၃၃) ဦးရှိခဲ့သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...