အမျိုးသမီးများ မိမိအရည်အချင်းကို မြှင့်တင်ရန်နှင့် တန်းတူအခွင့်အရေးသိအောင် ကြိုးစားရန် KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌတုုိက်တွန်း

အမျိုးသမီးများ မိမိအရည်အချင်းကို မြှင့်တင်ရန်နှင့် တန်းတူအခွင့်အရေးသိအောင် ကြိုးစားရန် KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌတုုိက်တွန်း
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဝင်းရော်ဒေသရှိ ကရင်အမျိုးသမီးများအနေဖြင့် မိမိအရည်အချင်း ကိုု မြှင့်တင်ပေးရန်နှင့် တန်းတူရေး အခွင့်အရေးကိုုလည်း သိအောင် ကြိုးစားကြရန် ကရင်အမျိုးသားအစည်း အရုုံး(KNU) ဒူးပလာယာခရုုိင်မှ ဝင်းရေးမြို့နယ်ဥက္ကဋ္ဌ ပဒုုိစောမောင်ရွှေက တုုိက်တွန်းပြောဆုုိလုုိက်သည်။

၎င်းက “ဝင်းရော်ဒေသမှာ အမျိုးသမီးတွေအများစုက နိုင်ငံရေး ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေး ကအစ အရေအတွက်သော်လည်ကောင်း၊ အရည်အချင်းသော်လည်ကောင်း၊ အရမ်းအားနည်းနေသေးတယ်။ မိမိအရည်အချင်းကို မြှင့်တင်ပေးပါ။ ကျား/မတန်းတူအခွင့်ရေးကိုလည်း သိအောင်ကြိုးစားပြီး စွမ်းစွမ်းတမံ လုပ်ဆောင်ကြပါ”ဟု မတ်လ ၁၂ရက်နေ့က တောင်ဒီးကျေးရွာ၌ ကျင်းပသည့် နုုိင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွင် တုုိက်တွန်းပြောဆုုိခဲ့ခြင်းဖြစ်သည်။

ထုုိ့အပြင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်အတူ ထဲထဲဝင်ဝင် ပါဝင်လာပါက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုုပ်ငန်း အောင်မြင်မှာဖြစ်ကြောင်း၊ အမျိုးသမီးများပါဝင်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းဏ္ဍကိုုလည်း မြှင့်တင်ပေးနုုိင်လိမ့်မည်ဟုု ယုုံကြည်ကြောင်း ပဒုုိစောမောင်ရွှေက ဖြည့်စွက်ပြောဆုုိသည်။

တောင်ဒီးကျေးရွာတွင် ပထမဦးဆုုံးအကြိမ် ကျင်းပသည့် နုုိင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို ကေအဲန်ယူ ဝင်းရေးမြို့နယ်ဥက္ကဋ္ဌ ပဒုုိစောမောင်ရွှေ၊ မြို့နယ် တရားသူကြီး မန်းလှအောင်၊ ကရင်အမျိုးသမီး အ စည်းအရုုံး(KWO)၊ (Myanmar Institute of Gender Studies)အဖွဲ့တိုု့အပြင် ကျေးရွာပေါင်း(၁၄)ရွာမှ အမျိုးသမီးများ စုစုပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

(Myanmar Institute of Gender Studies) အဖွဲ့ဒါရုုိက်တာ နော်မာမာချိုက “ဒီဒေသမှာ နှစ်ပေါင်း(၆၀)ကျော် စစ်ဘေးဒဏ်ခံခဲ့ရတဲ့ အမျိုးသမီးတွေ အခြားမြို့နယ်က အမျိုးသမီးတွေနည်းတူ အသိပညာတွေ နောက်ကျ မကျန်ရအောင် အမျိုးသမီးများနေ့ရှိတယ်ဆိုတာ အားလုံးသိစေချင်ပြီး အသိပညာဖွံ့ဖြိုးမှုတွေ သိလာအောင် လာလုပ်ပေးရခြင်းဖြစ်တယ်”ဟုု ကေအုုိင်စီသုုိ့ ပြောသည်။

ထုုိနေ့ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုုံ၊ ကျား/မ တန်းတူအခွင့်အရေး၊ အမျိုးသမီးများ အမျိုးသားများနှင့်အတူ လက်တွဲဆောင်ရွက်သွားရေး၊ အမျိုးသမီးနှင့်ငြိမ်းချမ်းရေး၊ အမျိုးသမီးနှင့် နိုင်ငံရေးစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသုုိ့ တက်ရောက်လာသူ ကြာအင်းကျေးရွာမှ နော်အဲစည်က “နိုင်ငံရေးမှာရော၊ ငြိမ်းချမ်းရေး အခန်းကဏ္ဍမှာရော၊ စီပွားရေးအပိုင်းမှာရော၊ ယောက်ျားတွေနဲ့ တန်းတူလုပ်ဖို့ အခွင့်အရေးရှိတယ်ဆိုပြီး  သူတို့လာပြောပြသွားတော့ ကိုယ့်မှာ သိမ်ငယ်မှုတွေ နည်းလာတယ်”ဟု ပြောသည်။

၁၉၀၈ခုနှစ်၊ အမေရိကန်ပြည်နယ် နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုုံမှ အမျိုးသမီးများက အလုပ်လုပ်ချိန်၊ လစာ၊ မဲပေးပိုင်ခွင့်ရရှိ်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် မတ်လ ၈ရက်နေ့ကိုု အကြောင်းပြုပြီး နုုိင်ငံတကာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့သည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...