ရှားတောမြို့နယ်တွင် စာတတ်မြောက်သူဦးရေ တိုးတက်လာအောင် ဆောင်ရွက်မည်

ရှားတောမြို့နယ်တွင် စာတတ်မြောက်သူဦးရေ တိုးတက်လာအောင် ဆောင်ရွက်မည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ) ပြည်နယ် ရှားတောမြို့နယ်အတွင်း စာတတ်မြောက် သူ ဦးရေများပြားလာစေရန် နွေရာသီ အခြေခံစာ တတ်မြောက်ရေး လုပ်ငန်းကို လာမည့် ဧပြီလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း လွိုင်ကော် တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးမောင်မောင် ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

shawdawview roksပညာရေးဝန်ကြီး၏ အစီစဉ်ဖြင့် မြန်မာနိုင်ငံတဝန်းတွင် မြို့နယ်ပေါင်း ၃၀ ကို စာတတ်မြောက်ရေးလုပ်ငန်း လုပ်ဆောင်ရန် ရွေးချယ်ခဲ့ပြီး ကယားပြည်နယ်တွင် ရှားတောမြို့နယ်ကအရွေးချယ်ခံရကြောင်းသိရသည်။

လုပ်ငန်းအတွင်း လွိုင်ကော်တက္ကသိုလ်မှ ဆရာဆရာမ များအပြင် ကျောင်းသူကျောင်းသားများလည်း ပါဝင် လုပ်အားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"အဓိကသင်မှာကတော့ မြန်မာစာနဲ့ သချင်္ာ အဲ့ဒီနှစ်ဘာသာကို အဓိကသင်ကြားပေးမယ်။ မြန်မာစာအနေနဲ့ ရေးတက်မယ် ဖက်တက်မယ်။ သချင်္ာအနေနဲ့လည်း ရေးတက်ဖက်တက်ရုံတင်မဟုတ်ဘူး၊ တွက်တက်ချက်တတ် အဲ့ဒီအထိသင်ပေးမယ်။”ဟု စာတတ်မြောက်ရေးလုပ်ရှားမှု ကြီးကြပ်သူ ပထဝီဌာန တွဲဖက်ပါမောက္ခ ဒေါ်ခင်မာလာဝင်းကပြောသည်။

တနေ့လျှင် သင်ကြားချိန် သုံးနာရီ၊ စာသင်ဝိုင်းနေရာ ၁၆ နေရာ ဖြင့် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ သင်ကြားပေးသွာမည်ဖြစ်ကြောင်းသိရသည်။

ရှားတောမြို့နယ်တွင် လူဦးရေစုစုပေါင်း ၃၉၉၈ ရှိသည့်အနက် စာမတက်သူ ၂၂၇၈ ဦးအထိ ရှိသည်ဟု ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်ခေါင်စာရင်း စာရင်းအရသိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...