ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတအဖြစ် ရွေးချယ်လိုက်ပြီ

ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတအဖြစ် ရွေးချယ်လိုက်ပြီ
by -
ခိုနူမ်းထုန်
အမျိုးသားလွှတ်တော်တွင် NLD က ဒုုသမ္မတလောင်းအဖြစ် အဆုုိပြုထားသော ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတအဖြစ် ယနေ့ရွေးချယ်လိုက်ပြီဖြစ်သည်။

Pu Henry Van Thio 3 231x300ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် NLD နှင့် ကြံ့ခိုင်ရေးပါတီမှာ အဆိုပြုတင်သွင်းထားသော ဒုသမ္မတလောင်းနှစ်ဦးကို လျှို့ဝက်မဲပေးရွေးချယ်ရာတွင် ဦးဟင်နရီဗန်ထီးယူက ထောက်ခံမဲ ၁၄၈ မဲဖြင့် ဒုုသမ္မတနေရာ အနုုိင်ရရှိသွားခဲ့ခြင်းဖြစ်သည်။

ကြံ့ခုုိင်ရေးပါတီက ဒုုသမ္မတလောင်းအဖြစ် အဆိုုပြုထားသော ဦးခင်အောင်မြင့်ကမှာ မဲ ၁၃ မဲသာ ရရှိပြီး ရှုံးနိမ့်ခဲ့သည်။ ပယ်မဲ ၆ မဲ ရှိကြောင်း သိရှိရသည်။

အလားတူ ပြည်သူ့လွှတ်တော်တွင် ဒုသမ္မတလောင်းအဖြစ် NLD မှအဆိုပြုတင်သွင်းသော ဦးထင်ကျော်ကို ထောက်ခံမဲ ၂၇၄ မဲဖြင့် ဒုသမ္မတနေရာအတွက် ရွေးကောက်တင်မြောက်လိုက်ပြီဖြစ်သည်။ ကြံ့ခိုင်ရေးပါတီမှ ဒုသမ္မတလောင်းအဖြစ် တင်သွင်းသော ဒေါက်တာစိုုင်းမောက်ခမ်းသည် မဲ ၂၉ မဲရရှိပြီး ရှုံးနိမ့်သွားသည်။ ပယ်မဲ စုုစုုပေါင်း ၁၄ မဲရှိပြီး မဲပေးသူ စုုစုုပေါင်း ၃၁၇ ဦး ရှိကြောင်းသိရှိရသည်။

ဒုတိယ အကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ ၁၄ ရက်မှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး မတ်လ ၁၅ ရက်နေ ့တွင် ပြည်သူ ့လွှတ်တော်၊အမျိုးသားလွှတ်တော် နှင့် တပ်မတော်သားအစုအဖွဲ ့မှ ရွေးချယ်ထားသော ဒုတိယ သမ္မတ ၃ ဦးထဲမှ တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာမဲပေးရွေးချယ်ကြမည်ဖြစ်ကြောင်းသိရသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...