ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတအဖြစ် ရွေးချယ်လိုက်ပြီ

ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတအဖြစ် ရွေးချယ်လိုက်ပြီ
by -
ခိုနူမ်းထုန်
အမျိုးသားလွှတ်တော်တွင် NLD က ဒုုသမ္မတလောင်းအဖြစ် အဆုုိပြုထားသော ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတအဖြစ် ယနေ့ရွေးချယ်လိုက်ပြီဖြစ်သည်။

Pu Henry Van Thio 3 231x300ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် NLD နှင့် ကြံ့ခိုင်ရေးပါတီမှာ အဆိုပြုတင်သွင်းထားသော ဒုသမ္မတလောင်းနှစ်ဦးကို လျှို့ဝက်မဲပေးရွေးချယ်ရာတွင် ဦးဟင်နရီဗန်ထီးယူက ထောက်ခံမဲ ၁၄၈ မဲဖြင့် ဒုုသမ္မတနေရာ အနုုိင်ရရှိသွားခဲ့ခြင်းဖြစ်သည်။

ကြံ့ခုုိင်ရေးပါတီက ဒုုသမ္မတလောင်းအဖြစ် အဆိုုပြုထားသော ဦးခင်အောင်မြင့်ကမှာ မဲ ၁၃ မဲသာ ရရှိပြီး ရှုံးနိမ့်ခဲ့သည်။ ပယ်မဲ ၆ မဲ ရှိကြောင်း သိရှိရသည်။

အလားတူ ပြည်သူ့လွှတ်တော်တွင် ဒုသမ္မတလောင်းအဖြစ် NLD မှအဆိုပြုတင်သွင်းသော ဦးထင်ကျော်ကို ထောက်ခံမဲ ၂၇၄ မဲဖြင့် ဒုသမ္မတနေရာအတွက် ရွေးကောက်တင်မြောက်လိုက်ပြီဖြစ်သည်။ ကြံ့ခိုင်ရေးပါတီမှ ဒုသမ္မတလောင်းအဖြစ် တင်သွင်းသော ဒေါက်တာစိုုင်းမောက်ခမ်းသည် မဲ ၂၉ မဲရရှိပြီး ရှုံးနိမ့်သွားသည်။ ပယ်မဲ စုုစုုပေါင်း ၁၄ မဲရှိပြီး မဲပေးသူ စုုစုုပေါင်း ၃၁၇ ဦး ရှိကြောင်းသိရှိရသည်။

ဒုတိယ အကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ ၁၄ ရက်မှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး မတ်လ ၁၅ ရက်နေ ့တွင် ပြည်သူ ့လွှတ်တော်၊အမျိုးသားလွှတ်တော် နှင့် တပ်မတော်သားအစုအဖွဲ ့မှ ရွေးချယ်ထားသော ဒုတိယ သမ္မတ ၃ ဦးထဲမှ တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာမဲပေးရွေးချယ်ကြမည်ဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...