မင်းပြားတွင် ဒေသခံတစ်ဦး ဓါးခုတ်ခံရ

မင်းပြားတွင် ဒေသခံတစ်ဦး ဓါးခုတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မတ်လ ၂၆ရက်နေ့က ငါးရှာနေသည့်ဒေသခံတစ်ဦး ဓားခုတ်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့သဖြင့် ဆေးရုံတင်လိုက်ရသည်ဟု မင်းပြားမြို့နယ်  ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောကြားသည်။

“ဦးခေါင်းရဲ့ ဘယ်ဘက်နောက်စေ့မှာ အလျား ၅ စင်တီမီတာနဲ့ အနက် ၂ စင်တီမီတာလောက် ပြတ်ရှဒဏ်ရာရသွားလို့ ၁၄ ချက်လောက်ချုပ်ရပါတယ်။ အခုတော့ မင်းပြားဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ဒဏ်ရာတော့ မစိုးရိမ်ရပါဘူး” ဟု မင်းပြားမြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်စိန်ထွန်းဦးက ဆိုသည်။

ယခုဒဏ်ရာရသူမှာ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(ရခိုင်)ရွာမှ အသက် ၆ဝ အရွယ် ဦးစောသိန်းအောင်ဖြစ်သည်။

သူသည် မတ်လ ၂၆ရက်နေ့ နံနက် ၁၁နာရီခန့်က ဆင်ကြီးပြင်(ဘင်္ဂါလီ)ရွာ အနောက်ဘက်တွင် ကဏန်းရှာ၍ ရလာသည့်ကဏန်းများကို ကြိုးများဖြင့်ချည်နှောင်နေစဉ် ဆင်ကြီးပြင်(ဘင်္ဂါလီ)ရွာမှ အသက် ၁၄နှစ်အရွယ် မာမောက်ဂျူဘီက နောက်ကျောမှနေ၍ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်က ပြောသည်။

“ဓားနဲ့ခုတ်တဲ့ ဘင်္ဂါလီကောင်လေးကိုလည်း ကျွန်တော်တို့ သက်သေခံပစ္စည်းနဲ့အတူ ဖမ်းဆီးရမိထားပါပြီ။ ဘာကြောင့် ခုတ်သလဲဆိုတာကို အခု စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီဖြစ်ပါတယ်”ဟု အထက်ပါ စခန်းမှူးက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့ကလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့သည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်စွန်းချောင်းကျေးရွာမှ အသက် ၄၁နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးသွားခဲ့ကြောင်း သဲတက်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်ဇော်က အတည်ပြုပြောထားသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...