ဗျည်းရှစ်လုံးမပါဘဲ သူငယ်တန်းသင်ကြားမည့် ဆရာ/မများအား သင်တန်းစတင်ပို့ချနေ

ဗျည်းရှစ်လုံးမပါဘဲ သူငယ်တန်းသင်ကြားမည့် ဆရာ/မများအား သင်တန်းစတင်ပို့ချနေ
by -
ကန္တာရဝတီတိုင်း(မ်)
လာမည့်ပညာသင်ကြားနှစ်မှစ၍ အခြေခံပညာရေး စနစ်တွင် Kg (Kindergarten) +12 ဟုခေါ်သည့် သူငယ်တန်းတွင် ဗျည်းရှစ်လုံးမပါဘဲ စတင်သင်ကြားတော့မည့်အစီအစဉ်အတွက် နည်းပြဆရာ/မများကို သင်တန်းများ စတင်ပို့ချပေးနေပြီဖြစ်သည်ဟု သိရသည်။

ဆရာဖြစ်သင်တန်းများကို မတ်လ၂၂ ရက်နေ့တွင်ပြည်နယ်ဗဟ်ိုမှ သင်တန်းတက်ပြီးသောသူများသည် မြို့နယ်တွင် သင်တန်းပြန်လည်ပို့ပေရန် စီစဉ်ထားသည်ဟု ဒီးမောဆိုမြို့နယ်ပညာရေးဦးစီးငှာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ငြိမ်းက ပြောသည်။

“ကိုယ့်မြို့နယ်အလိုက်တစ်ခါ အဲ့နည်းပြတွေက ကိုယ့်မြို့မှာရှိတဲ့ကျောင်းအားလုံးတော့ မဟုတ်ဘူးပေါ့နော။ တစ်ကျောင်းကိုနှစ်ယောက်နှစ်ယောက်ဆရာ/မတွေကို ပြန်ပြီးတော့ပို့ချပေါ့ ” ဟု ဦးကျော်ငြိမ်းက ပြောသည်။

Kg(Kindergarten) အတန်းတွင် ဗျည်းရှစ်လုံးနှင့်ပတ်သက်၍ ပညာရေးနှင့်ပထဦးဆုံးစတွေ့ဆုံရသော အချိန်တွင် ခက်ခဲမှုမရှိစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ကယားပြည်နယ် ပညာရေးဦးစီးငှာနမှ ဒုတိယညွန်ကြားရေးမှူး ဦးစိုးလွင်က ပြောပါသည်။

“ Kg+12 ဆိုလည်းရတယ်။ အခြေ ခံပညာအဆင့်မှာ ဆယ့်နှစ်တန်းဖြစ်သွားမယ်။ ငါးနှစ်ကလေးကို kg သူငယ်တန်း grade-1 က ပထမတန်းလို့ပြောလို့ရတယ်” ဟု ဦးစိုးလွင် ကပြောသည်။

Kg အတန်းကို မြန်မာစာသင်ရိုးတွင် ဗျည်း ၃၃ လုံးအနက် သင်ကြားစရာမလိုသည့် ဗျည်းများမှာ ဃ၊ စျ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ နှင့် ဠ ဗျည်းတို့ဖြစ်သည်။

ယခု Grade 11 စနစ် ဖြင့် ပညာသင်ကြားနေသည့် ကျောင်းသူ/သားများမှာမူ Grade 12 ထိ တက်ရန်မလို ကြောင်းသိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းစတင်အပ်နှံမည့် အသက် ၅ နှစ်ပြည့်ပြီးသော ကလေးများကို Kg(Kindergarten) တန်းဖြင့် စတင်ပြီး ၎င်းကျောင်းသူ/သားများကသာလျှင် Grade 12 အထိ တက်ရမည်ဖြစ်သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...