ထိန်းသိမ်းဖို့လိုတဲ့ စောဘွားများ၏ အရိုးပြာအိုးဖြင့် ဌာပနာထည့်သွင်းထားသည့် စေတီများ

ထိန်းသိမ်းဖို့လိုတဲ့ စောဘွားများ၏ အရိုးပြာအိုးဖြင့် ဌာပနာထည့်သွင်းထားသည့် စေတီများ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်တွင်း ကျန်ရှိသေးသည့် ရှေးခေတ် စောဘွားများ၏ အရိုးပြာအိုး ရှေးဟောင်းစေတီပုထိုးများကို အလေးထား ထိန်းသိမ်းရန်လိုအပ်နေသည်ဟု သိရသည်။
sawlon
စောလုံဟော်နန်းတခု (ဓါတ်ပုံ - စိုင်းလင်းလင်းဦး)

ယခင်က စောလုံနယ်ကိုအုပ်ချုပ်ခဲ့သည့် စဝ်လဖေါ်မျိုးနွယ်များ၊ လေးစားကြည်ညိုခဲ့ကြရသည့် ရဟန်းပုဂ္ဂိုလ်များတို့၏ အရိုးပြာအိုးများကိုထည့်သွင်းပြီး ဌာပနာထားသည့် ရှေးဟောင်းစေတီကဲ့သို့ အဆောက်အဦးများသည် ဘောလခဲမြို့နယ် စောလုံရွာပြင်ဘက်တွင် ယခုချိန်ထိတည်ရှိနေသည်ကို တွေ့ရသည်။

စောလုံရွာသည် မြန်မာသက္ကရာဇ် ၁၂၄၆ ခုနှစ်အစောပိုင်း ထွန်းကားခဲ့သည့် မြို့ဖြစ်ခဲ့သည်ဟု စေတီပုထိုးဘေးနားရှိ ခေါင်းလောင်းကြီးပေါ်တွင် ရေထိုးထားကမ္ဗည်းစာသမိုင်း အထောက်အထားအရ သိရသည်။

နန်းတော် (ဒေသခေါ် ဟော်နန်း)သည်လည်း ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ် ခဲ့ပြီးတဲ့နောက်မှာ ပြည်တွင်း မငြိမ်မသက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။

စောလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုးရယ်က “သမိုင်းဝင်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်ဆီးခဲ့ရတယ်။ နောက်အခုတက်လာတဲ့ အစိုးရကျတော့ စစ်ဘေးစစ်ဒဏ် မရှိတော့ဘူးဆို တက်လာတဲ့ အစိုးရတွေပေါ့နော် အဲ့ဒီ သမိုင်းအဆောက်အဦးကို ပြန်လည်ဆောက်ပေးရင်တော့ ကျနောတို့အတွက် ကောင်းမယ်လို့ ကျနော်ယုံကြည်တယ်ပေါ့နော်” ဟု ပြောပါသည်။

စောဖျာတွေ အခြေစိုက်နေထိုင်ခဲ့သည့်နေရာတွင် ရှေးဟောင်းသမိုင်းဝင်လက်ရာ နှင့် အဆောက်အဦးများ မကျန်ရှိတော့ဘဲ လက်ရှိ အရိုးပြာအိုးဌာပနာထားသည့် အဆောက်အဦးများသာ ကျန်ရှိတော့သည်ဟု သိရသည်။

ယခင်က ရှေးဟောင်းစေတီပုထိုးများကို ဖျက်ဆီးတူးဖော်ခဲ့ကြသည့်သူများလည်း ရှိခဲ့ဖူးသည်ဟု ဘောလခဲမြို့မှ အမျိုးသား လူငယ်တစ်ဦးက ပြောသည်။

“စေတီဖောက်တာတို့ ၊ အနီးအနားမှာ ကျောက်လာထုတာတို့ ရှိနေတဲ့အတွက် ထိန်းသိမ်းထားသင့်ပါတယ်။” ဟု ၎င်းက ပြောသည်။

လက်ရှိ စောလုံကျေးရွာတွင် အိမ်ခြေ(၁၅)လုံး၊အိမ်ထောင်စု(၁၅)နှင့် စုစုပေါင်းလူဦးရေ (၇၁)ဦး ကယားလူမျိုးနှင့် ရှမ်းလူမျိုးအနည်းငယ် နေထိုင်ကြသည်။

စောလုံကျေးရွာသည် ဘောလခဲနယ်မြို့နယ် အရှေ့ဖက်ကမ်းရှိ စောလဖော်စောဖျာမင်းဆက်များ အုပ်ချုပ်ခဲ့သည့်သူများ အစောဆုံး စတင်တည်ထောင်ခဲ့သည့် နေရာဖြစ်သည်ဟုသိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...