ဦး ဟင်နရီဗန်ထီးယူကို ဒုတိယ သမ္မတလောင်း အဖြစ် NLD မှ ရွေးချယ်တင်မြှောက်

ဦး ဟင်နရီဗန်ထီးယူကို ဒုတိယ သမ္မတလောင်း အဖြစ် NLD မှ ရွေးချယ်တင်မြှောက်
by -
ခိုနူမ်းထုန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို အမျိုးသားလွှတ်တော်တွင် ဒုတိယ သမ္မတလောင်း အဖြစ် ယနေ့ရွေးချယ်တင်မြှောက်လိုက်သည်။ အငြိမ်းစား ဗိုလ်မှူးတစ်ဦးလည်းဖြစ်သည့် အသက် (၅၈)နှစ်အရွယ် ဦးဟင်နရီဗန်ထီးယူသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ထန်တလန်မြို့နယ် မဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံရသူဖြစ်သည်။

Henryအစောပိုင်းကာလတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူးဦးစိုင်းညွန့်လွင်ကို NLD က အမျိုးသားလွှတ်တော်တွင် ဒုတိယ သမ္မတလောင်းအဖြစ် တင်မြှောက်မည်ဟု သတင်းများပေါ်ထွက်လာသော်လည်း ယခုအခါ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ရွေးချယ်တင်မြှောက်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ဒုတိယသမ္မတလောင်းအဖြစ် အမျိုးသားလွှတ်တော်တွင် ဦးခင်အောင်မြင့်ကို ရွေးချယ်တင်သွင်းထားသည်။ သို့သော်လည်း NLD အများစုလွှမ်းမိုးသော လွှတ်တော်တွင် ပါတီဝင်ဖြစ်သူ ဦးဟင်နရီဗန်ထီးယူသာ ဒုသမ္မတအဖြစ် တင်မြောက်ခံရရန် သေချာသလောက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းအဖြစ် ယခင်ကတည်းက ခန့်မှန်းကြ သော စာရေးဆရာကြီး ဦးမင်းသုဝဏ်၏ သား ဦးထင်ကျော်ကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ဒုတိယသမ္မတလောင်းကို အမျိူးသားလွှတ်တော်မှ ဦးခင်အောင်မြင့် နှင့် ပြည်သူ့လွှတ်တော်မှ ဒေါက်တာစိုင်းမောက်ခမ်းကို ရွေးချယ်ထားသည်ဟု သိရသည်။

ဦးဟင်နရီဗန်ထီးယူ၏ ကိုယ်ရေးအကျဉ်း
၁။ အမည် – ဦးဟင်နရီဗန်ထီးယူ
၂။ အခြားအမည်ရှိလျှင် – မရှိပါ
၃။ လူမျိုး/ဘာသာ – ချင်း/ခရစ်ယာန်
၄။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် – ၁၃/ မမတ(နိုင်) ၀၂၈၁၁၈
၅။ မွေးသက္ကရာဇ် / အသက် – ၀၉-၀၈-၁၉၅၈ / (၅၈) နှစ်
၆။ မွေးဖွားရာဇာတိ – သီးကီးရ်ရွာ၊ ထန်တလန်မြို့နယ်
၇။ ပညာအရည်အချင်း – B.A (Dip in Law)
၈။ လက်ရှိအလုပ်အကိုင် – အငြိမ်းစား
၉။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် – ဦးလျံတလုံး၊ (ကွယ်လွန်) HKA- 023899 တောင်သူ
၁၀။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် – ဒေါ်ငွန်ပါရ်း၊ HKA –023900 တောင်သူ
၁၁။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် – ဒေါက်တာရွှေလွှမ်း၊ ၁၂/ ဗဟန (နိုင်) ၀၀၅၁၁၉၊ ကျောင်းသူ
၁၂။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် – ( ၁) မောင်ဂျက်ဆီဗန်ဘွေး၊ ကျောင်းသား ( ၂ ) မကျယ်နီဖာရ်ငွန်ရွှေပါရ်းကျောင်းသူ ( ၃ ) မောင်ဂျိုးဇက်ဗန်ထီးယူ၊ကျောင်းသား
၁၃။ အမြဲတမ်း နေရပ်လိပ်စာ – (၂၀) ကိုယ်‌့မင်းကိုယ့်ချင်းရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း
၁၄။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၅။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် – မဲဆန္ဒနယ်အမှတ်(၃)

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့ထိ)
(က) ပညာသင်ကြားခဲ့ဖူးသော ကျောင်းများကိုဖော်ပြရန် –
အ.လ.ကသီးကီးရ်၊ အ.ထ.ကဟားခါး၊ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ် (မန္တလေး)၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်(ရန်ကုန်)။
(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့် နေရာဌာနများဖော်ပြရန် –
စစ်မှုထမ်းခြင်း၊ခ.လ.ရ (၄၆)ပူတာအို၊ ခ.လ.ရ (၄၀) ဟူပြင်၊ ခ.လ.ရ (၂၂၃) မိုးမိတ်၊ စဗဟ(၂)၊ ရတခ (ဘားအံ)၊ ရ.တ.ခ (မော်လမြိုင်)၊ခမရ(၅၀၃) သီပေါ၊ ခမရ(၄) အင်းမ၊ အရပ်ဖက်တာဝန်ထမ်းဆောင်ခြင်း- ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး)၊ ဒုအထွေထွေမန်နေဂျာ စီမံခန့်ခွဲရေးဌာန(စက်မှု-၁)၊ အရက်ချက်စက်ရုံမှူး (ဘီးလင်း)။

(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း – မရှိပါ
(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များဖော်ပြရန် – မရှိပါ
(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး – မရှိပါ
(စ) အခြားဖော်ပြရန်ရှိသည်များ – မရှိပါ

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...