လူနေအိမ်ဆောက်ရန် သစ်ခုတ်ခွင့်ပေးခြင်းကြောင့် သစ်ခုတ်ရောင်းသူများပြားလာနေ

လူနေအိမ်ဆောက်ရန် သစ်ခုတ်ခွင့်ပေးခြင်းကြောင့် သစ်ခုတ်ရောင်းသူများပြားလာနေ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်တွင် နိုင်ငံတော်အစိုးရအပြင် တိုင်းရင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ သစ်မခုတ်ရန် တားမြစ်ထားသော်လည်း ဒေသခံပြည်သူများက စားဝတ်နေရေးအခက်အခဲကြောင့် ဝင်ငွေရရှိရန် သစ်ခုတ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ(KSWDC) မှ နိုးကိုးဖဲက ပြောသည်။

“အဓိက ကတော့ စားဝတ်နေရေးနဲ့ သွားပြီးဆက်စပ်နေတယ်။ ဒီတစ်နှစ် နှစ်နှစ်ဆိုလည်း စိုက်ပျိုးရေးက မကောင်းဘူးလေ။ အဲကြောင့် သစ်ခုတ်ပြီး ရောင်းကြတာ များလာတယ်။”ဟု ပြောသည်၊၊

KNPP မှ အိမ်ဆောက်လုပ်ရန်နှင့် အရေးပေါ်လိုအပ်ချက်များအတွက် သစ်ခုတ်ယူခွင့် ပြုထားသော်လည်း စီးပွားဖြစ် သစ်ခုတ်ခြင်းများကို ခွင့်မပြုသည်ကို ဒေသခံပြည်သူများက သိရှိထားကြသော်လည်း စားဝတ်နေရေးအခက်အခဲကြောင့် ယင်းသို့ သစ်ခိုးခုတ်ပြီး ကုမ္ပဏီပွဲစားများကို ရောင်းချမှုများရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ တားမြစ်ထားသည့်ကြားက ပွဲစားများထံ ရောင်းချမှုများကို KNPP မှ ဖမ်းဆီးရမိပါက ဒဏ်ကြေးရိုက်ခြင်း ပေါ်လစီများ မရှိသေးသော်လည်း နောင်မဖြစ်ရလေအောင် ခုတ်ယူသည့်အပေါ်မူတည်ပြီး ဒဏ်ရိုက်ကြောင်း သိရသည်။

သစ်ခုတ်ခြင်းကြောင့် သဘာဝဘေးအန္တာရာယ်များ ကျရောက်နေသည့်အတွက် KNPP အနေဖြင့် ရှေ့ဆက်ပြီး သဘာဝပတ်ဝန်းကျင် အတွက် အစိုးရနှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး သစ်ပင်ပြန်လည်စိုက်ပျိုးခြင်း၊ ပြီးနောက် ပြည်နယ်တွင်းတွင် သစ်ထုတ်ယူသွားသောကုမဏီများကို သစ်ပင်ပြန်လည်စိုက်ပျိုးခိုင်းခြင်း စသည်ဖြင့် လုပ်ဆောင်သွားရန် အစိုးရနှင့် ညှိနှိုင်းသွားရန် ရှိကြောင်း သိရသည်။

လွိုင်ကော်သစ်တောဦးစီးဌာနမှ ဦးကျော်သက်ထွန်းက ကယား(ကရင်နီ)ပြည်နယ်၏ သစ်တောလွှမ်းမိုးမှုအခြေအနေအရ သစ်တောများကို စနစ်တကျပူးပေါင်းအုပ်ချုပ်ဖို့ လိုအပ်နေဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီး ဘောလခဲမြို့နယ်သည် သစ်တောအပြုန်းတီးဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ကျန်မြို့နယ်အသီးသီးတွင်လည်း သစ်တောပြုန်းတီးခြင်းတွေလည်း ရှိနေကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် ကြိုးဝိုင်းသစ်တော (၅)ခု စုစုပေါင်း ဧက ၁၇၀၀၀၀ ကျော်၊ကြိုးပြင်ကာကွယ်တော (၁၂)ခု စုစုပေါင်း ဧက ၁၄၀၀၀၀၀ နီးပါး ရှိပြီး လာမည့် ၂၀၁၅-၁၆ ဘတ်ဂျက်နှစ်တွင် ပြည်ထောင်စုအစိုးရ၏ လျာထားချက်အရ သံလွင်အရှေ့ခြမ်း ကြိိုးပြင်ကာကွယ်တော(၁) -(ရှားတော)၊ သံလွင်အရှေ့ခြမ်း(၂)-(မယ်စဲ့)၊ နန့်မန်းကြိုးပြင်ကာကွယ်တော(မယ်စဲ့)၊ ခဲမဖြူကြိုးပြင်ကာကွယ်တော(ဖါးဆောင်း)၊ ထူးချောင်းကြိုးဝိုင်း နှင့် ဘောလခဲ-ဖါးဆောင်း ကြားရှိ အပတော တို့တွင် ကျွန်းသစ် ၅၀၀ တန် နှင့် သစ်မာ ၁၀၀၀ တန် ထုတ်လုပ်မည်ဖြစ်သည်။

လက်ရှိ်အစိုးရသက်တမ်း ၅ နှစ်အတွင်းတွင် ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၄-၁၅ ခုနှစ်အထိ ကျွန်းသစ် တန်် ၂၉၁၄၆ နှင့် သစ်မာ ၄၇၉၄၄ တန် ထုတ်လုပ်ထွက်ရှိခဲ့ပြီး သစ်တောဦးစီးဌာနမှ ဖမ်းဆီးခဲ့သည့် တရားမဝင်သစ်များမှာ ၂၀၁၄-၁၅ ဘတ်ဂျက်နှစ်တွင် ကျွန်း၊ သစ်မာ အမျိုးအစားအလိုက် စုစုပေါင်း ၃၇၂.၈၅တန်နှင့် အတူ ယာဉ်(၉)စီး၊ တရားခံ (၁၁) ဖမ်းဆီးရရှိခဲ့သည်။

၂၀၁၅-၁၆ဘတ်ဂျက်နှစ်အတွင်း ဒီဇင်ဘာလအထိ ကျွန်း၊သစ်မာ အမျိုးအစားအလိုက် ၅၆၁.၀၇တန် ဖမ်းဆီးရရှိခဲ့သည်ဟု ကယားပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းဇယားအရသိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...