ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားပါတီတခုဖွဲ့စည်းရန် ဒေသခံ တိုင်းရင်းသား ပါတီများစီစဉ်

ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားပါတီတခုဖွဲ့စည်းရန် ဒေသခံ တိုင်းရင်းသား ပါတီများစီစဉ်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား (ကရင်နီ) ပြည်နယ်ကို ကိုယ်စားပြုသည့် တိုင်းရင်းသားပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းသွားရန် အတွက် တိုင်းရင်းသားပါတီ နှစ်ပါတီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပါတီနှစ်ခုဖြစ်သည့် ကယားလူမျိုးစု ဒီမိုကရေစီ ပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ တို့ မှ တာဝန်ရှိသူများက အချင်းချင်းတွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း နှစ်ဖက် ပါတီ တာဝန်ရှိသူများက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

" ပါတီနှစ်ခုပေါင်းပြီး တစ်ခုတည်းဖြစ်ဖို့လုပ်နေပြီ၊ ကော်မတီတောင် ကျနော်တို့ဖွဲ့စည်းပြီး အဆင့်ထိဖြစ်သွားလိမ့်မယ်။ ဒါပေမယ့်ဒါတွေကို ကျနော်တို့ မထုတ်ပြန်သေးဘူး။ ကျနော်တို့ ဒီထက်ပိုပြီးတော့ ထုတ်ပြန်လို့မရသေးဘူး ˝ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

လက်ရှိ ကယားပြည်နယ်တွင် ဒေသခံ တိုင်းရင်းသားပါတီ ၃ ခုရှိနေသော်လည်း ပြည်နယ်ကိုယ်စားပြု ပါတီ ဖွဲ့စည်းရေးတွင် ရှမ်းပြည် အခြေစိုက် ကယန်းအမျိုးသားပါတီ အနေဖြင့် မဟာမိတ်အဖြစ်သာ ပူးပေါင်းဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးနန်ရီကဆိုသည်။

" ကယားပြည်နယ် တစ်ခုလုံး ကိုယ်စားပြုတဲ့ တစ်ပါတီလောက်ပဲ ရှိသင့်တယ်ပေါ့နော်။ အဲ့ လိုမျိုး ဖြစ်ချင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာ မပြောတတ်သေးဘူး ˝ဟု ဦးနန်းရီကပြောသည်။

ယခုလို ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်ပေါ်လာရေး ဆောင်ရွက်မှုကို ထောက်ခံကြိုဆိုပြီး တိုင်းရင်းသားပါတီ များအနေဖြင့် ၂၀၁၅ ရွေးကောက် ပွဲ တွင် ရရှိခဲ့သည့် သင်ခန်းစာအရ အချင်းချင်း စည်းလုံးညီညွတ်ကြဖို့ လိုကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂ မှ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်ကပြောသည်။

"ခုဒီတိုင်းရင်းသား နှစ်ပါတီအနေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်မယ် ပြည်နယ်ကိုယ်စားပြု ပါတီကြီး တစ်ခုအဖြစ် လုပ်ကိုင်နိုင်မယ်ဆိုရင်တော့ ၂၀၂၀ အတွက် ကျနော်တို့ပြည်နယ်လွှတ်တာ် ပြည်နယ်အစိုးရ ဒေသအခြေ စိုက် တိုင်းရင်းသားပါတီတွေ အများစုအနိုင်ရပြီး လုပ်ကိုင်ဆောင်ရွက် လာနိုင်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ် ˝ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဒေသခံ တိုင်းရင်းသား ပါတီများဖြစ်သည့် ကယားလူမျိုး စုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီ တို့ မဟာမိတ် ပါတီအဖြစ်ဖွဲ့စည်းခဲ့သော်လည်း ပျက်ပြယ်ခဲ့သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...