ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့တိုက်ခို်က်ခံရမှု မြစ်ကြီးနားတွင် လူထု ဆန္ဒပြ

ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့တိုက်ခို်က်ခံရမှု မြစ်ကြီးနားတွင် လူထု ဆန္ဒပြ
by -
ကေအဲန်ဂျီ
ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့PJS များ ယမန်နေ့က အစိုးရနယ်ခြားစောင့်တပ်နှင့် ဘိန်းခြံပိုင်ရှင်တို့၏ တုုိက်ခိုက်ခံရမှုကြောင့် ပြည်သူလူထုမှ ယနေ့ နံနက် ၁၀ နာရီ ခွဲခန့် မြစ်ကြီးနားမြို့တွင် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ထောင်ဂဏန်း ရှိသော ကချင်လူထုသည် နံနက် ၁၀ နာရီခွဲခန့်တွင် မြစ်ကြီးနား စီတာပူ မနောကွင်းမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ထွက်လာခဲ့ကြသည်။ သို့သော် ရဲတပ်ဖွဲ့၏ တားဆီးမှုကြောင့် အထဲသို့ မဝင်နိုင်ဘဲ ယင်းနေရာမှ မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ချီတက်ခဲ့ကြသည်။

ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတင်ထားရသော PJS အဖွဲ့ဝင်များနှင့် ရှေ့တန်းတွင် ရှိနေသော အဖွဲ့ဝင်များ အတွက် မြစ်ကြီးနားဆေးရုံဝင်းတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ MCC မှ ဦးဆောင်ပြီး ဆုတောင်းဝတ်ပြုအစီစဉ်ပြုလုပ်ခဲ့သည်။ ထို့နောက် မနောကွင်းသို့ ပြန်လာခဲ့ကြသည်။

ယနေ့ လမ်းလျှောက်ဆန္ဒပြမှုသည် လူထုမှ ဒုတိယအကြိမ် ဦးဆောင်ခြင်းဖြစ်ပြီး ယမန်နေ့ ညနေပို်င်းတွင်လည်း မြစ်ကြီးနားဆေးရုံံရှေ့တွင် ထောင်ချီသောလူထုက ဆန္ဒပြခဲ့ကြသည်။

ကန်ုပို်င်တီ အစိုးရနယ်ခြားစောင့်တပ်နှင့် ဘိန်းခြံပိုင်ရှင်တို့၏ ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဝင် ၂၀ ကျော်မှာ မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

ကျန်ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဝင်အများစုမှာ ဆဒုံဒေသတွင် စခန်းချနေကြပြီး အစီစဉ်ကို မည်သည့်အချိန်တွင် ပြန်စမည်ကို တိုင်ပင်နေဆဲဖြစ်ကြောင်း PJS ခေါင်းဆောင်တစ်ဦးက ယနေ့ မနောကွင်းတွင် ပြောသည်။

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအစီစဉ်နှှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ နှင့် ပြည်ပရောက် လချိတ် စာပေနှင့် ရိုးရာယဉ်ကျေးမှု့အဖွဲ့( ပြည်ပ)မှ သဘောထားများကို ဖေဖော်ဝါရီ ၂၅ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...