စင်ကြိုင်တွင် PJS ၂ ဦး ပစ်သတ်ခံရ

စင်ကြိုင်တွင် PJS ၂ ဦး ပစ်သတ်ခံရ
by -
ကေအဲန်ဂျီ
စင်ကြိုင်တွင် ကျန်ရှိနေသော ဘိန်းခင်းတို်က်ဖျက်ရေးအဖွဲ့ဝင် ၁၀ ဦးကို ဘိန်းခြံပိုင်ရှင်များ ၀ုိင်းရံထားရာတွင် ၂ ဦးကို ပစ်သတ်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းရောက် PJS ခေါင်းဆောင် တစ်ဦးကပြောသည်။

ယနေ့ နံနက်ပို်င်း ဘိန်းခြံပိုင်ရှင်များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရမှုကြောင့် ကန်ပိုင်တီ စင်ကြိုင်သို့ ရောက်ရှိနေသော အဖွဲ့များမှာ ပြန်လည် တပ်ဆုတ်ခဲ့သော်လည်း ယင်းနေရာတွင် ၁၀ ဦးမှာ ကျန်နေခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သူပေါင်း ၂၉ ဦးမှာ မြစ်ကြီးနားဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။

ယနေ့ ညနေပိုင်းမှာပင် မြစ်ကြီးနား ပြည်သူလူထုက ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့များ တိုက်ခိုက်ခံရမှုကြောင့် မြစ်ကြီးနားပြည်သူ့ဆေး ရုံရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ကလည်း လူထု ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်နှင့် ပတ်သက်ပြီး ပါတီသဘောထားကို ယနေ့ ထုတ်ပြန်ခဲ့သည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...