နယ်ခြား စောင့်တပ် တိုက်ခိုက်မှုကြောင့် လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ၃ ဦး ဒဏ်ရာ ရ

နယ်ခြား စောင့်တပ် တိုက်ခိုက်မှုကြောင့် လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ၃ ဦး ဒဏ်ရာ ရ
by -
ကေအဲန်ဂျီ
ကန်ပိုင်တီသို့ တက်လာသော လက်နက်မဲ့ လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS ကို အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်များမှ ယနေ့ နံနက်ပိုင်း စောင့်ကြို တိုက်ခိုက်မှုတွင် PJS အနည်းဆုံး (၃) ဦး ဒဏ်ရာ ရရှိသွားကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

PJS အဖွဲ့များ စင်ကြိုင် (Shingchyai) နယ်ခြားစောင့်တပ် စခန်း အလွန် ၀တ်မော (Wut Maw) ကျေးရွာ အနီးသို့ ချဉ်းကပ်လာစဉ် ၉ နာရီခန့် တွင် သေနတ်၊ မိုင်းများဖြင့် တိုက်ခိုက်လာ ခြင်းဖြစ်သည်ဟု PJS ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း PJS အဖွဲ့များနှင့် အတူ လိုက်ပါ လုံခြံုရေးပေး နေသော ကချင်ပြည်နယ် ရဲတပ်ဖွဲ့များက ထွက်ပြေး တိမ်းရှောင်သွားကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

ယခုချိန် နယ်ခြားစောင့်တပ်များက PJS အဖွဲ့များကို ၀ိုင်းရံထားပြီး ၎င်းတို့၏ ရိက္ခာများကိုလည်း လုယူ ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု PJS ခေါင်းဆောင်များ ဆက်ဆိုသည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K၊ ယခု နယ်ခြားစောင့်တပ် ထိန်းချုပ်သော ဘိန်းခြံများရှိရာသို့ ရာဂဏန်းရှိသော PJS အဖွဲ့များဝင်ရောက်လာချိန် ပထမဦးဆုံး အစိုးရ နယ်ခြားစောင့်များ၏ တိုက်ခိုက်မှုကို ခံရခြင်းဖြစ်သည်။

၄င်းဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့ တစ်ပတ်တိတိ တားမြစ်ခံထားရသည့် ၀ါးရှောင်ဂိတ်မှ လူထုအင်းအား ၁ သောင်းကျော်၏ လိုက်ပို့ မှုဖြင့် ကန်ပိုင်တီဒေသသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အသင်းတော်ခေါင်းဆောင် တချို့လည်း ၄င်း PJS အဖွဲ့နှင့်အတူ ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ် လိုက်ပါ ဦးဆောင် နေဆဲဖြစ်သည်။

သတင်းအပြည့်အစုံကို ဆက်လက်တင်ပြပါမည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...