ဆက်လက် အတားအဆီး မရှိပါက ဒီညနေပိုင်းတွင် ဘိန်းခင်း ဧက ထောင်နှင့်ချီရှိသည့် ကန်ပို််င်တီ မော်စီတုန်း ဒေသသို့ ရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ PJS ခေါင်းဆောင်တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောလာသည်။
ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဦးဆောင်သည့် ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့နှင့်အတူ အစိုးရဌာနဆိုင်ရာ၊ ရဲနှင့် မီးသတ် များလည်း လိုက်ပါနေကြောင်း သိရသည်။ သို့သော်လည်း စစ်တပ်ကမူ ပါ၀င်ခြင်း မရှိကြောင်း သိရသည်။
PJS အဖွဲ့ အများစုမှာ ဘွမ်တောင် စခန်းတွင် ယခုချိန်ထိ စခန်းချ နေသေးကြောင်း PJS ခေါင်းဆောင်များ ပြောသည်။
ယမန်နေ့က အစိုးရတပ်မှ ၀ါးရှောင်ဂိတ်ကို တားမြစ်ထားသည့် တစ်ပတ်ပြည့် နေ့တွင် PJS အင်အား ၃၀၀၀ ကျော်ကို အသင်းတော် ခေါင်ဆောင်များ ဦးဆောင်ပြီး လူထု ၁ သောင်းကျော် လိုက်ပို့ကာ ကန်ပိုင်တီသို့ ထွက်ခဲ့ပါသည်။
ဘွမ်တောင် အစိုးရဂိတ်တွင် ည မဖြတ်ခိုင်းသည့် အခြေနေများကြောင့် PJS အဖွဲ့များ ခေတ္တ ရပ်နား နေခြင်းသည် ယခုချိန်ထိပင်ဖြစ်သည်။







