အခက်ခဲ မရှိပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ လဖိုင် ကျေးရွာ ကျော်လာ

အခက်ခဲ မရှိပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ လဖိုင် ကျေးရွာ ကျော်လာ
by -
ကေအဲန်ဂျီ
ယနေ့ မနက်ပို်င်း ဘွမ်တောင်မှ ပြန်လည်ထွက်ခွာသွားသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS သည် ယခုချိန် ဆဒုံး၊ ဂေါ့နန် နှင့် လဖိုင် ကျေးရွာများကို အခက်ခဲမရှိ ကျော်ဖြတ်သွားနိုင်ပြီဖြစ်သည်။

ဆက်လက် အတားအဆီး မရှိပါက ဒီညနေပိုင်းတွင် ဘိန်းခင်း ဧက ထောင်နှင့်ချီရှိသည့် ကန်ပို််င်တီ မော်စီတုန်း ဒေသသို့ ရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ PJS ခေါင်းဆောင်တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောလာသည်။

ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဦးဆောင်သည့် ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့နှင့်အတူ အစိုးရဌာနဆိုင်ရာ၊ ရဲနှင့် မီးသတ် များလည်း လိုက်ပါနေကြောင်း သိရသည်။ သို့သော်လည်း စစ်တပ်ကမူ ပါ၀င်ခြင်း မရှိကြောင်း သိရသည်။

PJS အဖွဲ့ အများစုမှာ ဘွမ်တောင် စခန်းတွင် ယခုချိန်ထိ စခန်းချ နေသေးကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

ယမန်နေ့က အစိုးရတပ်မှ ၀ါးရှောင်ဂိတ်ကို တားမြစ်ထားသည့် တစ်ပတ်ပြည့် နေ့တွင် PJS အင်အား ၃၀၀၀ ကျော်ကို အသင်းတော် ခေါင်ဆောင်များ ဦးဆောင်ပြီး လူထု ၁ သောင်းကျော် လိုက်ပို့ကာ ကန်ပိုင်တီသို့ ထွက်ခဲ့ပါသည်။

ဘွမ်တောင် အစိုးရဂိတ်တွင် ည မဖြတ်ခိုင်းသည့် အခြေနေများကြောင့် PJS အဖွဲ့များ ခေတ္တ ရပ်နား နေခြင်းသည် ယခုချိန်ထိပင်ဖြစ်သည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...