ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေး လူထု တစ်သောင်း ကျော် ဆုတောင်း

ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေး လူထု တစ်သောင်း ကျော် ဆုတောင်း
by -
ကေအဲန်ဂျီ
မြန်မာအစိုးရ ထိန်းချုပ်နယ်မြေ ကန်ပိုင်တီဒေသ ဘိန်းခြံများ ဖျက်ဆီးနိုင်ရန် လူထု ၁၀၀၀၀ ကျော် ပါ၀င်သော အထူး ဆုတောင်းပွဲကြီးကို ဘိန်းခင်း တို်က်ဖျက်ရေး အဖွဲ့များ တားဆီးခံရသည့် နေရာတွင် ယနေ့ ဖေဖော်ဝါရီ ၂၁ နံနက် ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ဆုတောင်းပွဲကို ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး PJS အဖွဲ့ များကို အစိုးရ စစ်တပ်နှင့် ရဲ များ တားဆီး ထားသော နေရာ ကန်ပိုင်တီလမ်း ချီဖွေ-ဆဒုံး လမ်းခွဲတွင် မြစ်ကြီးနားမြို့နှင့် ၀ုိင်းမော်မြို့တို့မှ လူထု ထောင်ပေါင်းများစွာ လာရောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အသင်းတော် ခေါင်းဆောင်များက PJS အဖွဲ့တွင် ပါ၀င် ဆက်ကပ်ကြသူများကို နှုတ်ကပတ်တော်ဖြင့် အထူး ခွန်အားပေးခြင်းနှင့် ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့သည်။

ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေးကို နောက်ဆုတ်ရန် အစီစဉ် မရှိကြောင်း ယနေ့ ၀တ်ပြု အစီစဉ် ဒေသနားတွင် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson က ယခုလို မြန်မာဘာသာဖြင့် အလေးအနက်ထား ထည့်ပြောခဲ့သည်။

“ကျနော်တို့ နောက် မဆုတ်ပါဘူး။ ရှေ့ကို တိုးမှာ ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ တာဝန်ရှိတဲ့ လုံခြံုရေးတွေက အထက်အမိန့် လို့ပြောတယ်။ ကျနော်တို့ရဲ့အထက်အမိန့် ကလည်း ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ကျနော်တို့ ရှိပါတယ်။ ကျနော်တို့ ခရစ်ယာန်များရဲ့ အထက်အမိန့်ဟာ ဘုရားသခင် စေခိုင်းတာကို လုပ်ဖို့ဖြစ်ပါတယ်။”

KBC သည် ကချင် အသင်းတော်များတွင် အကြီးဆုံးဖြစ်သည်။

မူးယစ်ဆေးဝါးသည် ကချင်အမျိုးသားများ အတွက် သာမက လူသားအားလုံး၏ ‘ဘုံရန်သူ’ ဖြစ်သောကြောင့် မြန်မာအစိုးရနှင့် KIO ကြား မူဝါဒ ကွဲပြားမှု ရှိသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်မူ ပူးပေါင်း သင့်ကြောင်း PJS အဖွဲ့ ခေါင်းဆောင်များ ယုံကြည်ထားသည်။

လူထု အင်အား ၃၇၀၀ ကျော်ရှိသော PJS အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ယခုအချိန်ထိ ချီဖွေ-ဆဒုံး လမ်းခွဲတွင် အစိုးရ ရဲ နှင့် စစ်တပ်များ၏ တားဆီးမှုကြောင့် သောင်တင်နေဆဲဖြစ်သည်။

သို့သော်လည်း လာမည့် အပတ်တွင် ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်ကို အတားအဆီးရှိသော်လည်း စတင်မည်ဖြစ်ကြောင်း PJS အဖွဲ့ဝင်များ ပြောဆိုနေကြသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...