မီးဘေးအန္တာရာယ် မဖြစ်စေရန် ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးနှင့်အမှိုက်များ ဂရုစိုက်ရန်လိုအပ်ဟု မီးသတ်ဦးစီးဌာနပြော

မီးဘေးအန္တာရာယ် မဖြစ်စေရန် ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးနှင့်အမှိုက်များ ဂရုစိုက်ရန်လိုအပ်ဟု မီးသတ်ဦးစီးဌာနပြော
by -
ကန္တာရဝတီတိုင်း(မ်)
မီးဘေးအန္တာရာယ်မဖြစ်စေရန် ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးများနှင့် အမှိုက်များကို ဂရုစိုက်ရန် လိုအပ်သည်ဟု ဒီးမောဆိုမြို့နယ် လက်ထောက်မီးသတ်ဦးစီးဌါနမှ ကြည်စိုးဟန်က ပြောသည်။

“မီးမလောင်အောင် လျှပ်စစ်မီးတွေပါတယ်ပေါ့။ အမှိုက်ခွံ ပလပ်စတစ်ခွံ ဟောင်းနွမ်းနေတဲ့ကြိုတွေကအစ မသုံးရင်ဘာမှမဖြစ်ပါဘူး အဓိကသတိမူဖို့ပေါ့။” ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်းတွင် လွိုင်ကော်ခရိုင်အတွင်း လျှပ်စစ်မီးကြောင့် မီးလောင်ခဲ့မှုများမှာ လွိုင်ကော်မြို့နယ် လောဓမ္မာရပ်ကွက်တွင် ၂ ကြိမ်၊ နောင်ယားကန် ၁ ကြိမ်၊ မင်းစုရပ်ကွက် ၁ကြိမ်၊ ဒီးမောဆိုမြို့နယ် ဟိုဝမ်ကျေးရွာနှင့် နောင်ပုလဲကျေးရွာအုပ်စု လောစီကျေးရွာ စုစုပေါင်း ၆ကြိမ်ရှိပြီး ပစ္စည်းဆုံးရှံုးမှုသည် ၄၆ သိန်းကျော်ရှိသည်ဟု လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးမှူးအရာရှိ ဦးသန်းထွေးကပြောသည်။

“ လွိိုင်ကော်မြို့နယ်မှာ ဆိုရင် လျှပ်စစ်မီးကြောင့် စတင်ပြီးမီးလောင်တာများတယ်။ တစ်ချို့ကျတော့ လျှပ်စစ်အကြောင်းကို နာမလည်းဘဲဖြစ်သလို ဖြစ်သလိုအသုံးပြုကြတယ်။ ပြီးတော့သုံးစွဲတဲ့ ၀ါယာကြိုးရဲ့ခံနိုင်မှုကို နားမလည်တာရယ်ကြောင့်ပါ တစ်ခြားကိစ္စတွေရှိပါတယ်။ ဥပမာ ၀ါယာရှော့ဖြစ်ရင် မီးငြိမ်းသတ်ဖို့ လိုအပ်တဲ့ မီးသတ်ဆေးဘူးတွေ မထားရှိတာ။ ထားပြန်ရင်လည်း စနစ်တကျအသုံးမပြုတတ်တာကြောင့်ဖြစ်တယ်’’ ဟု သူကပြောသည်။

မီးဘေးအန္တာရာယ် ကင်းရှင်းရန် ပြည်သူလူထုများသည် နားလည်မှုမရှိသောကြောင့် မီးသတ်ဌါနအဖွဲ့အစည်းအနေဖြင့် ကျေးရွာတိုင်းသို့ အသိပညာလိုက်ပေးရန် လိုအပ်သည်ဟု ထီးဖိုးကလိုးကျေးရွာအုပ်စု ထီးသဲကလိုးကျေးရွာမှ မောင်ခူးရယ် က ပြောသည်။

“ ပြည်သူလူထုတွေအနေကတော့ နွေရာသီးချိန်ဆိုရင် ရွာတိုင်း မီးဂိတ်ထားတယ်။ ဒါပေမယ့် မီးလောင်ရင် ဘယ်လိုရမလဲဆိုတာ နည်းစနစ်သိပ်နားမလည်တော့ မတော်တဆဖြစ်ရင်ငါတို့အတွက် အခက်ခဲတွေရှိတယ်’’ ဟု ပြောသည်။

ဒီးမောဆိုမြို့နယ် မြို့မအုပ်စုနှင့် ငွေတောင်ကျေးရွာသည် မီးဘေးအန္တရာယ်မဖြစ်ရန် မီးသတ်ဌါနအဖွဲ့မှ အသိပညာပေးပြီး စာစောင်များ လိုက်ဝေနေသည်ဟု ဒီးမောဆိုမြို့နယ် လက်ထောက်မီးသတ်ဦးစီးဌါနမှ ကြည်စိုးဟန်က ပြောသည်။

မီးဘေးအန္တာရာယ် ကြိုတင်ကာကွယ်နိုင်ရန် ကျေးရွာတိုင်းတွင် ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူး များကသော်လည်းကောင်း၊ မီးသတ်ဌါနမှသော်လည်းကောင်း၊ အသိတရားဝင်လာရန် ဆိုင်းဘုတ်များ ထောင်ရန်လိုအပ်သည်ဟု လွိုင်ကော်မြို့နယ် ရှမ်းစုရပ်ကွက် မှ ဦးညွန့်ရွှေက ပြောသည်။

“တစ်အိမ်ကို တစ်ယောက် သိထားရင် ပိုကောင်းတယ်။ မီးသတ်ဌါနအဖွဲ့ကလည်း ကြိုတင်သတိပေးသင့်တယ်။ ခုကယားပြည်နယ်မှာ မီးဘေးကိစ္စ ပညာပေးတာ မကြားရသေးဘူး’’ ဟု ပြောသည်။

မီးအန္တရာယ်ကာကွယ်ရန် လျှပ်စစ်မီးရရှိနေသည့် မြို့နယ်တိုင်းတွင် လျှပ်စစ်မီးသုံးစွဲအသုံးပြုပုံ ကျွမ်းကျင်သည့် လျှပ်စစ် ဝန်ထမ်းများနှင့် တပ်ဆင်စစ်ဆေးခြင်းများ အစဉ်မပြတ် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးထားသင့်ကြောင်း ပြောဆိုနေကြသည်။

လွိုင်ကော်ခရိုင်သည် ပြည်သူလူထုများ လျှပ်စစ်မီးအသုံးပြုပုံ နည်းစနစ်များ ရှိမရှိ ခုချိန်တွင် မီးသတ်ဌါနအဖွဲ့သည် စစ်ဆေးပေးရန်မရှိသေးသဖြင့် နောက်နှစ်တွင် လိုက်စစ်ဆေးပေးရန် အစီစဉ်ရှိသည်ဟု သိရှိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...