Published
Tuesday, February 16, 2016
အစိုးရ စစ်တပ်နှင့် ရဲ များ ကန်ပိုင်တီ PJS အဖွဲ့ကို တားမြစ်
မကြာသေး ချိန်တွင်ပဲ ဘိန်းခင်းတိုက်ဖျက်ရန် ကန်ပိုင်တီသို့ တက်လာသည့် လူထုဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ PJS ကို အစိုးရစစ်တပ်နှင့် ရဲများ က ၀ုိင်းမော်-ကန်ပိုင်တီ လမ်းမ ပေါ်တွင် တားမြစ်နေကြောင်း သိရသည်။
ကန်ပိုင်တီသို့ ကားများဖြင့် တက်လာသည့် PJS အဖွဲ့ကို အစိုးရစစ်တပ်မှ လမ်းပိတ်တားမြစ်နေသည့် ပုံများကို လူမှုကွန်ရက်စာမျက်နှာ facebook ပေါ်တွင်လည်း တွေ့နေရပြီဖြစ်သည်။
ယခုလို အစိုးရမှ တားမြစ်လိုက်ရာတွင် PJS အဖွဲ့အနေဖြင့် နောက်ဆုတ်သွားမည်လော။ သို့မဟုတ် ရှေ့ဆက်မည်လော အသေးစိတ်ကို မသိရသေးပါ။
နောက်ဆုံးရ သတင်းများကို လည်း ဆက်လက်တင်ပြသွားပါမည်။







