အစိုးရသစ် လက်ထက်တွင် လွှတ်တော်တွင်း သတင်းရယူမှုအတွက် တံခါးဖွင့်ကြိုဆို ဟု လွတ်တော်ဥက္ကဋ္ဌ ပြော

အစိုးရသစ် လက်ထက်တွင် လွှတ်တော်တွင်း သတင်းရယူမှုအတွက် တံခါးဖွင့်ကြိုဆို ဟု လွတ်တော်ဥက္ကဋ္ဌ ပြော
by -
ကန္တရဝတီတိုင်း(မ်)
အစိုးရသစ် လက်ထက် ကယား(ကရင်နီ) ပြည်နယ် လွှတ်တော်တွင် သတင်းသမားများ သတင်းရယူမှု အတွက် အမြဲ တခါးဖွင့်ထားပေးကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

“အမြဲတမ်း OPEN ပဲလေနော၊ တကယ်လို့ ကျွန်တော်တို့ လူထုအတွက် လိုအပ်ချက်ပဲဖြစ်ဖြစ်၊ ဒီကျွန်တော်တို့ ဒီကသတင်းထောက်တွေ သိသမျှ တတ်သမျှ ကျွန်တော်တို့ကို ပြောပြချင်တာပဲဖြစ်ဖြစ် အမြဲတမ်း ကျွန်တော်တို့သက်တမ်းမှာ ဖွင့်ထားပါတယ်” ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောခဲ့သည်။

သို့သော်လည်း လက်ရှိတွင် ပြည်နယ်လွှတ်တော်အတွင်း သတင်းရယူမည့်သတင်းသမားများအတွက် လွှတ်တော်မှ ခွင့်ပြု မှု အားနည်းနေသေးကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က လွှတ်တော်အသစ်ရွေးချယ်ပွဲမှာ ဝင်ရောက်လေ့လာခဲ့သူ ကိုကျော်ထင်အောင်ကပြောသည်။

“ကျွန်တော်တို့ လွှတ်တော်ထဲကို လေ့လာဖို့ စာတင်ထားတာကိုတောင်မှ ပေးမဝင်ဘူး၊ လက်ရှိလွှတ်တော်ထဲမှာ မီဒီယာတွေကို စီမံခန့်ခွဲတဲ့နေရာမှာ တော်တော်လေး အားနည်းနေသေးတယ်၊ ဒီအပေါ်မှာ သူတို့က ခွင့်ပြုမှုအပိုင်းဆိုင်ရာမှာ အားနည်းနေတာကို တွေ့ရတယ်ပေါ့” ဟု ပြောသည်။

လက်ရှိတွင် ပြည်နယ်လွှတ်တော်များ၌ သတင်းရယူမှုတွင် အခက်ခဲများရှိနေသေးကြောင်း ကိုလည်း မန္တလေးမှ သတင်းထောက်တစ်ဦးက ဆိုသည်။

ကယားပြည်နယ် လွှတ်တော်တွင် သတင်းသမားများ လွှတ်တော်သို့ ဝင်ရောက်ပြီး သတင်းရယူခွင့်အတွက် ပြည်ထောင်စုမှ မည်သို့မျှ ညွှန်ကြားထားခြင်း မရှိကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...