ရေအခက်အခဲရှိသည့် ကျေးရွာလေးရွာသို့ ထောက်ပံ့ကြေးပေးသွားမည်

ရေအခက်အခဲရှိသည့် ကျေးရွာလေးရွာသို့ ထောက်ပံ့ကြေးပေးသွားမည်
by -
ကန္တရဝတီတိုင်း (မ်)
ရေရှားပါးပြီး ဝေးလံသည့်နေရာများသို့ ရေသွားရောက်ခပ်ယူကြရသည့် ကျေးရွာလေးရွာကို ကုန်ကျစရိတ်များ ထောက်ပံကူညီသွားမည်ဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးနိုင်ကဆိုသည်။

“ကျွန်တော်တို့က တစ်ပတ်ကို နှစ်ကြိမ်ထောက်ပံ့မယ်၊ မတ်လကနေစပြီးတော့ ဇွန်လအထိပေါ့ လေးလ ၊လေးရွာ ကျွန်တော်တို့ ထောက်ပံ့ပါမယ်” ဟု ဒီးမော့ဆိုမြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးနိုင်က ပြောသည်။

ထောက်ပံ့မည့်ကျေးရွာများမှာ ဒီးမော့ဆိုမြို့နယ် ၊ ထီးဆော်ဒေါကျေးရွာ၊ ဆိုလဖဲခိုကျေးရွာ၊ ဆော်ပထန်ကျေးရွာနှင့် ထီးလယ်ကုန်းကျေးရွာ တို့ဖြစ်ပြီး ရေခပ်ယူသည့်နေရာသည် ကျေးရွာမှ ၉ မိုင် ဝန်းကျင် အသီးသီးကွာဝေးကြောင်း သိရသည်။

“ကျွန်တော်တို့ လုပ်မယ်ဆိုရင် ဒီးမော့ဆိုမြို့နယ် တစ်မြို့နယ်လုံးဖြစ်မှာပဲ၊ ဒါပေမယ့် အရင်က လုပ်ပေးဖို့ကျန်ခဲ့တဲ့ ရွာလေးတွေကို ကျွန်တော်တို့ လုပ်ပေးနေတာပါ ” ဟု ဦးမျိုးနိုင်က ဆက်ပြောသည်။

ကျေးရွာတစ်ရွာကို တစ်ပတ်နှစ်ကြိမ်ခန့် ရွာမှ ရေရှိရာနေရာသို့ စက်(ထော်လာဂျီ)၊ ဆိုင်ကယ်တို့ဖြင့် သွားရောင်ခပ်ယူရာတွင် ကုန်ကျမည့် စက်ဆီ၊ ဆိုင်ကယ်ဆီ များအတွက် ငွေကို ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်ဆီဖိုးပေးအပ်ရာတွင် ၂၅ မိုင်ကို ၁ဂါလံနှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...