အမေရိကန် နှစ်ခြင်း ဆရာများ အသင်းတော် မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို တွေ့ဆုံ အားပေး

အမေရိကန် နှစ်ခြင်း ဆရာများ အသင်းတော် မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို တွေ့ဆုံ အားပေး
by -
ကေအဲန်ဂျီ
အမေရိကန်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ABC မှ ဆရာများသည် ကချင် အသင်းတော်များ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ PJS ရှိရာ ၀ုိင်းမော်မြို့ကို ယနေ့ သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

သူတို့သည် ၀ုိင်းမော်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန် သာသနာ့ဝင်းတွင် စခန်းချနေကြသော ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ကို သွားတွေ့ပြီး အားပေးစကားများပြောကာ ဆုတောင်းပေးခဲ့သည်။

ယနေ့ တွေ့ဆုံမှုတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဦးဆောင်ပြီး ပြုလုပ်နေသည့် လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို ABC က ရာနှုန်းပြည့် အားပေးထောက်ခံပါကြောင်း တွေ့ဆုံပွဲတွင် ပါ၀င်ခဲ့သူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ကို ပြောသည်။

အမေရိကန် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ABC မှ ဆရာများသည် KBC နှင့်တွေ့ဆုံဖို့ရန် ဖေဖော်ဝါရီလ ၈ ရက် တနင်္လာနေ့တွင် မြစ်ကြီးနားကို ရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ အဆက်ဆက် ပိတ်ပင်မှုကြောင့် နှစ်ပေါင်း ၅၀ခန့် အဆက်ပြတ်ခဲ့ရသည့် ABC-USA နှင့် KBC တို့ကြား ၂၀၁၅ မှ ပြန်လည် ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကချင်အသင်းတော်များ ဦးဆောင်မှုဖြင့် နှစ်သစ်မှ လူထုဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ် လုပ်ဆောင်နေခိုက် အမေရိကန် ABC ဆရာများ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...