မြေပြိုမှု ပြန်လည်နေရာချထားရေး အိမ်ခြေများ မတ်လအကုန်အပြီး ဆောက်မည်

မြေပြိုမှု ပြန်လည်နေရာချထားရေး အိမ်ခြေများ မတ်လအကုန်အပြီး ဆောက်မည်
by -
ကန္တာရဝတီတိုင်း(မ်)
မော်ချီးဒေသ မြေပြိုပြီးပါသွားသည့် အိမ်ခြေများ ပြန်လည်နေရာချထားရေးကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလအကုန်တွင် အိမ်ခြေ၃၀နှင့် မတ်လကုန်တွင် ကျန်သည့်အလုံး၃၀ကို အပြီး ဆောက်လုပ်သွားမည်ဟု မော်ချီးတောင်ပေါ်ရွာမှ ရာအိမ်မှူး ဦးသိန်းမြင့်ထံမှ သိရသည်။

“ကျနော်တို့အခု ၂ လပိုင်းအကုန်မှာ အလုံး ၃၀ ပြီးအောင်ဆောက်မှာေ့ပါ၊ နောက်ထပ် ၃၀ကိုတော့ ၃ လပိုင်းအကုန်မှာ အပြီးဆောက်ရမယ်။ အခု လောလောဆယ်ဆောက်လုပ်ပြီးသွားတာက စံပြအနေနဲ့ တစ်လုံးပဲ ပြီးသေးတယ်ပေါ့နော၊ နောက် ထပ်အကြမ်းထည်တွေအနေနဲ့ကတော့ အခင်းတွေ နောက်ထပ်ဖောင်ဒေးရှင်းတွေ၊ အထဲက အားလုံးတော့ ချပြီးပြီ၊ သစ်ရဲ့လိုအပ်ချက်ကလေးတွေ ရှိနေသေးလို့ နည်းနည်းပဲ ပြီးသေးတာပေါ့နော” ဟု ဦးသိန်းမြင့်ကပြောသည်။

ယခုတွင် ပြည်လည်နေရာချထားရေးအတွက် ဆောက်လုပ်နေသည်မှာ တည်ဆောက်မည့် အိမ်ပုံစံ စံပြတစ်လုံးနှင့် အိမ်တည်ဆောက်ရန် အုတ်မြစ်နှင့် သစ်များကို အချောကိုင်သည့် အခြေအနေတွင်သာ ရှိနေသေးသည်။

မော်ချီးမြေပြိုခဲ့သည့် အိမ်ထောင်စုများအတွက် ယခုလုပ်ဆောင်ပေးနေပြီ ဟု နိုဝင်ဘာလတွင် ကယားပြည်နယ် ပြည်နယ်လူမှုဝန်ကြီး ဦးကိုးရယ်က ပြောခဲ့ဖူးသည်။

သို့သော် ယခုချိန်တွင် စံပြတစ်လုံးခန့်သာ ပြီးစီးနေသေးကြောင်း တွေ့ရသည်။

၎င်းပြန်လည်နေရာချထားသည့် စာရင်းထဲတွင် ပါဝင်သည့် ဦးကျော်ဟိန်း၏ဇနီး ဒေါ်ရီရီချိုက ၄ထပ်ကွေ့တွင် သွားရောက်နေထိုင်ရမည်ဆိုပါက စီးပွားရေးလုပ်စားရန် ဘာမျှမရှိသည့်အတွက် မိသားစုစားဝတ်နေရေးအတွက် တွေးပူနေမိကြောင်း ပြောသည်။

“အစ်မတို့ ၄ထပ်ကွေ့မှာသွားနေရမယ်ဆိုတော့ မိသားစုစားဝတ်နေရေးအတွက်ကို တွေးပူနေမိပါတယ်၊ ဒီဘက်မှာပဲ လုပ်စားကိုင်စားလို့ ကောင်းတယ်ဆိုတော့လေး” ဟု ဒေါ်ရီရီချိုကပြောသည်။

အဘယ်ကြောင့်ဆိုသော် နေ့စားခမှာ ၈ထောင်ဖြစ်ပြီး အသွားအပြန် ဓာတ်ဆီဖိုးမှာ ၄ထောင်ဆိုလျှင် အိမ်အတွက် ၄ထောင်သာ စားရမည်ဖြစ်ကြောင်း ၎င်းတို့၏အခက်အခဲကို ပြောပြသည်။

၄ထပ်ကွေ့တွင် ကျောင်းဆောက်လုပ်ပေးမည်ဖြစ်သောကြောင့် ၎င်းတို့သားသမီးများ ပညာရေးအတွက် အဆင်ပြေနိုင်သော်လည်း အလုပ်အကိုင်အတွက်မူ မော်ချီးသို့သွားရောက်ပြီး လုပ်ကိုင်ရမည်မှာမူ သိပ်အဆင်ပြေမည်မဟုတ်ကြောင်း အိမ်ပြိုသွားသည့် ဦးကျော်ဟိန်းက ပြောသည်။

တည်ဆောက်မည့် အိမ်ခြံအကျယ်မှာ ပေ ၆၀၊ ပေ ၄၀ ဖြစ်ပြီး အခန်း၃ခန်းပါဝင်သည့် ပျဉ်ထောင်အိမ် အမျိုးအစားဖြစ်သည်။

အိမ်တစ်လုံး၏ ခန့်မှန်းချေကုန်ကျစရိတ်မှာ ၂၅သိန်းဖြစ်ကြောင်း သိရသည်။

တည်ဆောက်မည့်နေရာမှာ မော်ချီးဒေသ ၄ ထပ်ကွေ့တွင်ဖြစ်သည်။

၎င်းအိမ်များကို မြေပြိုခဲ့စဉ်တွင် ပါသွားသည့် အိမ်များကို ဦးစားပေးနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးမြင့်သိန်းက ဆက်ပြောသည်။ မြေပြိုခဲ့စဉ်တွင် ပျက်စီးသွားသောအိမ်ခြေနှင့် စိုးရိမ်ရသည့် အိမ်ခြေတို့စုစုပေါင်းမှာ ၃၆ လုံးရှိကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...