လူငယ်များ ဆုတောင်းပွဲဖြင့် ကချင်တော်လှန်ရေးနေ့ ကျင်းပမည်

လူငယ်များ ဆုတောင်းပွဲဖြင့် ကချင်တော်လှန်ရေးနေ့ ကျင်းပမည်
by -
ကေအဲန်ဂျီ
 ဖေဖော်ဝါရီ (၅)ရက်၊ မနက်ဖြန်ကျရောက်မည့် (၅၅) နှစ်ပြည့် ကချင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးနေ့ တွင် ကချင်လူငယ်များက (၄)ကြိမ်မြောက် စုပေါင်းဆုတောင်းခြင်းအစီစဉ် ကို ကချင်ပြည်နယ် မြစ်ကြီးနား မနောကွင်းမှာ ပြုလုပ်မည် ဖြစ်သည်။

အထိမ်းအမှတ် အထူးဆုတောင်းပွဲတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အဓိကထား ဆုတောာင်းခြင်းနှင့် ကချင်လူငယ်များ သိသင့်သိထိုက်သော လက်ရှိ နိုင်ငံရေး၊ စစ်ရေးနှင့် စစ်ဘေးဒုက္ခသည် အခြေနေများကိုလည်း ဟောပြောသွားမည်ဖြစ်ကြောင်း အစီအစဉ် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဆရာ ဂျာယုန်က ပြောသည်။

55 Kachin Armed Revolution Day Myitkyina

သူက ဆက်ပြီး ယခုတော်လှန်ရေးနေ့အထိမ်းအမှတ်ဆုတောင်းပွဲကြီးကို မြစ်ကြီးနား ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ပါ၀င်ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လူငယ် တစ်ထောင်ကျော်ခန့် တက်ရောက်မည်ဟု ဆိုသည်။

ဆုတောင်းပွဲကို မနောကွင်းတွင် ပြုလုပ်ရန် ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ သဘောမတူညီသည့် ကြားက လူငယ်များ စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆရာဂျာယုန်က ကချင်သတင်းဌာန KNG ကိုပြောသည်။

ပြည်နယ်အစိုးရထံမှ ခွင့်ပြုမိန့် မရသောကြောင့် ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ မနောကွင်းတွင် မပြုလုပ်ရန် လူငယ်များကို ပြောခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကော်မတီဝင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံ ဒီမိုကရေစီအစိုးရ တက်လာပြီးနောက်ပိုင်း မြစ်ကြီးနား မနောကွင်းကြီးအတွင်း မနောပွဲတော်ဆင်နွှဲခြင်း သို့မဟုတ် အခြား လူထုလှုပ်ရှားမှု အစီအစဉ်ကြီးများ ပြုလုပ်ခွင့်ကို ကချင်ပြည်နယ်အစိုးရမှ ထိန်းချုပ်ထားသည်ဟု လေ့လာသိရှိရသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...