နှီးဘုရားရုပ်ပွားတော်မြတ်ကို မိုးဗြဲမြို့တွင် ပထမဆုံး ကိန်းဝပ်စံပယ်မည်

နှီးဘုရားရုပ်ပွားတော်မြတ်ကို မိုးဗြဲမြို့တွင် ပထမဆုံး ကိန်းဝပ်စံပယ်မည်
by -
ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတွင် ပထမဆုံး နှီးဖြင့်ယက်ထားသော နှီးဘုရားရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ မွေတော်ဓါတ်စစ် ဘုရားတော်ပေါ်၌ ကိန်းဝပ်စံပယ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းနှီးဘုရားရုပ်ပွာတော်မြတ်ကြီးသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ယက်လုပ်သော နှီးဘုရားလျောင်းတော်မူဘုရားဖြစ်ပြီး အလျား(၃၂)ပေ ရှိ ကြောင်းသိရသည်။

“ဒီ နှီးဘုရားကြီး မိုးဗြဲဂေါပကအဖွဲ့ကနေပြီးတော့ မှာတာ။ ဒီနေရာက ဖို့မြေတွေ၊ ဖို့မြေဖြစ်တော့ ပထမတော့ ကွန်ကရစ်နဲ့ပါ။ ဖို့မြေဖြစ်နေသော ကွန်ကရစ်က အောက်ဝိတ်မနိုင်ဘူး။ အဲကြောင့် ပေါ့တဲ့အရာဝတ္ထူနဲ့မှရမယ်ဆိုပြီး နှီးနဲ့ယက်တာကို မှာတာ။” ဟု ဂေါပက အဖွဲ့ဝင် ဦးချန်လီက ဆိုသည်။

နှီးဘုရားကို အောင်ပန်းမှ ဦးစိုးမိုး(မြန်မာမှု ပညာရှင်)က ၄င်းနှင့်အတူ တပည့်နှစ်ဦး ယက်လုပ်ပေးခြင်းဖြစ်ပြီး (၃)နှစ်နီးပါး ယက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်း၊ ကလော၊ နောင်တယား၊ ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ စသည့်မြို့များကို လှည့်တော်မူခဲ့ကာ မိုးဗြဲတွင် ကိန်းဝပ်စံပယ်မည်ဖြစ်ကြောင်းဆိုသည်။

အလျား(၃၂)ပေခန့်ရှိသော နှီးလျောင်းတော်မူဘုရားကို ယက်လုပ်ရာတွင် ၀ါးဖြူဆိုသည့် ၀ါးမျိုးဖြင့်ယက်လုပ်ရပြီး (၃)နှစ် နီးပါးယက်လုပ်လာခဲ့ပြီဆိုသော်လည်း မပြီးနိုင်သေးဘဲ ငွေရေးအခက်အခဲရှိခြင်းဖြစ်ကြောင်း ဦးချန်လီက ဆိုသည်။

“အခုက ဒီနှီးလျောင်းတော်မူ ဘုရားကို ယက်လုပ်တော့ သိန်း(၃၀၀)လောက်တော့ ကုန်နေပြီ။ ဒါတောင်မပြီးနိုင်သေးဘူး။ အပြီးအစီးဆိုရင်တော့ (၄၀၀)လောက်ရှိနိုင်တယ်။ ငွေရေးတော့အခက်အခဲ ရှိတာပေါ့။”ဟု ပြောပါသည်။

ယင်းနှီးလျောင်းတော်မူဘုရားကို မိုးဗြဲတွင် ဇန်နဝါရီ လ က ပင့်ဆောင်လာခဲ့ပြီး မိုးဗြဲ မွေတော်ဓါတ်စစ် ဘုရားတော်ပေါ်တွင် ကိန်းဝပ်စံပယ်ပြီးနောက် ညပိုင်းတွင် ဘုရားဖူးသူ ပိုများလာခဲ့ကြောင်း နှင့် လာမည့် တပို့တွဲလပြည့် ဖေဖော်ဝါရီ လ( ၂၃)ရက်နေ့တွင် မွေတော်ဓါတ်စစ်ဘုရားပွဲတော် ကျင်းပမည်ဖြစ်သည်။

နှီးလျောင်းတော်မူဘုရားကို အပြီးအစီး ထပ်မံယက်လုပ်နိုင်ရန်အတွက် တစ်နှစ် ၀န်းကျင်ခန့် ထပ်ပြီး ယက်လုပ်ရအုံးမည်ဖြစ်ကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...