လွိုင်ကော်မြို့ပေါ်တွင် ပိုက်ဆံအိတ် လုယက်သူများရှိနေ

လွိုင်ကော်မြို့ပေါ်တွင် ပိုက်ဆံအိတ် လုယက်သူများရှိနေ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့အတွင်း ကျောင်းဆရာမတစ်ဦးထံမှ ပိုက်ဆံအိတ်ကို လူငယ်နှစ်ဦးက လုယှက်ခဲ့သည့်ဖြစ်ရပ် ယခုလအတွင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွိုင်ကော်မြို့ ဗဟိုစျေး လပ်ကီးကုန်စုံဆိုင်နှင့် ပုလဲထွန်း ဆေးဆိုင်ရှေ့ လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီလ (၂)ရက်နေ့ ညနေ (၇)နာရီအချိန်ခန့်တွင် ကျောင်းဆရာမတစ်ဦး၏ ပိုက်ဆံအိတ် လုယက်ခံခဲ့ရကြောင်းသိရသည်။

ဖြစ်စဉ်မှာ ညနေ(၇)နာရီခန့်တွင် အသက်(၅၀)ခန့်ရှိသော ကျောင်းဆရာမတစ်ဦးက ပိုက်ဆံအိတ်ကို ဆိုင်ကယ်ရှေ့ ခေါင်းပိုင်းတွင် ချိတ်ထားပြီး မောင်းနှင်လာသည်ကို အသက်(၁၆)နှစ်အရွယ်ခန့် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်ကို ဆွဲယူရာမှ ကျောင်းဆရာမက အော်လိုက်ခြင်းကြောင့် ပိုက်ဆံအိတ် ပါမသွားပဲ ဆိုင်ကယ်သာ လဲကျခဲ့ကြောင်း သိရသည်။

“ကျောင်းဆရာမက အရှေ့မှာပိုက်ဆံအိတ်ကိုင်ပြီး ဆိုင်ကယ်စီးလာတော့ အနောက်ကနေ ကောင်လေးနှစ်ယောက် ဆွဲယူနေတာဖြစ်မယ်။ အဲတော့ ကျောင်းဆရာမ ဘာလုပ်တာလဲလို့အော်ပြီး ဆိုင်ကယ်လဲကျသွားတယ်။ လူတွေလည်း ၀ိုင်းပြီးလာကြည့်ကြတော့. အဲကောင်လေးနှစ်ယောက်လည်း ဆိုင်ကယ်မောင်းပြေးသွားကြတယ်။ ပိုက်ဆံအိတ်တော့ ပါမသွားဘူး။” ဟု အနားက မျက်မြင်တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ဆိုင်ကယ်စီးပြီး ပစ္စည်းတစ်စုံတစ်ရာ လုယူပြီး ဆိုင်ကယ်မောင်းပြေးသောဖြစ်စဉ်ကို လွိုင်ကော်တွင် မကြားဖူးသေးကြောင်း၊ လွိုင်ကော်မြို့နယ်ရဲစခန်းသို့ မေးမြန်းရာ ယင်းကဲ့သို့ အမှုကို တိုင်ကြားခြင်း မရှိသေးကြောင်း ကောလဟာလဖြစ်နိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လအတွင်းတွင် လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက်ရှိ ဖုန်းအရောင်းဆိုင်တစ်ခုတွင် သူခိုးဖောက်ထွင်းခံခဲ့ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးကြောင်းသိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...