အင်အား ၂၀၀ လူထု မူးယစ် တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီ ဒေသတွင် ခုခံ ၀ိုင်းပိတ်ခြင်း ခံနေရ

အင်အား ၂၀၀ လူထု မူးယစ် တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီ ဒေသတွင် ခုခံ ၀ိုင်းပိတ်ခြင်း ခံနေရ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် အစိုးရ၏ခွင့်ပြုမှုဖြင့် ကန်ပိုင်တီ ဒေသသို့ ဘိန်းခင်းဖျက်ဆီးရန် ရောက်ရှိနေသော အင်အား ၂၀၀ ခန့် လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ရာဂဏန်းချီသော ဘိန်းခြံပိုင်ရှင်များ၏ ခုခံ ၀ိုင်းပိတ်ခြင်း ခံနေရကြောင်း သတင်းရရှိသည်။

ဘိန်းခင်း အထူထပ်ဆုံး နေရာတစ်ခုဖြစ်သော မော်စီတုန်းနယ်သို့ ကချင် လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ၎င်းတို့သည် ဓားများ ကိုင်ဆောင်ထားသော အင်အား ၄၀၀ ကျော်ရှိ ဘိန်းခြံပိုင်ရှင်များ၏ ၀ိုင်းထားခြင်းခံနေရသည်ဟု မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတန်ဂွန်း ပြောသည်။

Opium eradication campaign in Kambaiti 2016

၀ိုင်းမော်မြို့နယ်မှ ကန်ပိုင်တီ ဒေသကို ယခင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)၊ ယခု အစိုးရ နယ်ခြားစောင့်တပ်မှ ထိန်းချုပ်ထားခြင်းဖြစ်သည်။

ယခု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွင် အစိုးရဘက်မှ လုံခြံုရေးယူပေးသော ရဲတပ်ဖွဲ့အင်အား ၂၀ ခန့်နှင့် စစ်သားများ လိုက်ပါနေသော်လည်း အဝိုင်းခံနေရသူများ၏ လုံခြံုရေးအတွက် စိုးရိမ်ကြောင်း ဆရာတန်ဂွန်းက ကချင်သတင်းဌာန KNG ကို ပြောသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...