ဇို(ချင်း) Zofate မျိုးနွယ်စုများကို ဘယ်နယ်နိမိတ်ကမှ ပိုင်းခြားခွင့်မရှိဟု မီဇိုရမ်ဝန်ကြီး Lal Thanzara ပြော

ဇို(ချင်း) Zofate မျိုးနွယ်စုများကို ဘယ်နယ်နိမိတ်ကမှ ပိုင်းခြားခွင့်မရှိဟု မီဇိုရမ်ဝန်ကြီး Lal Thanzara ပြော
by -
ခိုနူမ်းထုန်
မီဇိုရမ်ပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဝန်ကြီး ပူးLal Thanzara က Zofate ဇို(ချင်း) မျိုးနွယ်စုများကို မည်သည့်နယ်နိမိတ်ကမှ ပိုင်ခြားခွင့် မရှိဟု ၁၂၄ နှစ်မြောက် Chin-Lushai Conference နှစ်ပတ်လည်အခမ်းအနား တွင် ပြောဆိုခဲ့သည်။

အိုင်ဇောလ်မြို့ Vanapa Hall ခန်းမတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က Zo Reunification Organization (ZoRO) မှ ကြီးမှူး ကျင်းပသော ၁၂၄ နှစ်မြောက် Chin-Lushai Conference–cum–ZoRO Convention အခမ်းအနားတွင် ၀န်ကြီးက ယခု ကဲ့သို့ပြောဆို လိုက်ခြင်းဖြစ်သည်။

“ ကျနေ်ာတို့တွေဟာ ဘယ်နေရာမှာဘဲ မွေးမွေး၊ ဘယ်ဒေသမှာဘဲ ကြီးပြင်းကြီးပြင်း၊ Zo hnahthlak ဇို(ချင်း) မျိုးနွယ်ဖြစ် ခြင်း က ပျောက်မသွားပါဘူး၊ ညီအကိုတွေဖြစ်ကြတဲ့ ကျနော်တို့တွေဟာ ပြည်နယ် နယ်နိမိတ် ဒါမှမဟုတ် နိုင်ငံတကာ နယ်နိမိတ်ေ တွကတောင် ပိုင်းခြားလို့မရဘူး’’ ဟု ပူး Lalthanzara ကပြောသည်။

ယင်းနှစ်ပတ်လည်အခမ်းအနားအပြီးတွင် ZoRo အဖွဲ့မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN) မှ ၂၀၀၇ ခုနှစ်က ပြဌာန်းခဲ့သော UN Declaration on the Rights of the Indigenous Peoples (UNDRIP) ကို ဇို(ချင်း) မျိုးနွယ်စုများနေထိုင်သော သက်ဆိုင်နိုင်ငံများမှလက်ခံပြီး တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ယင်းပြဌာန်းချက်ပါ အချက်များကို အကျိုးရှိစွာအသုံးချနိုင်ရန် လမ်းဖွင့်ကူညီပေးသင့်သည်ဟု အိန္ဒိယ-မြန်မာ-ဘင်္ဂလားရှေဒ် အစိုးရတို့ကို တောင်းဆိုထားသည်။

“အိန္ဒိယ နဲ့ မြန်မာ အစိုးရက (UNDRIP) ကို သဘောတူလက်မှတ်ထိုးထားသော်လည်း တိုင်းရင်းသားမျိုးနွယ်စုငယ် (Indigenous people)များအတွက် အသုံးပြုနိုင်ရန် ၎င်းတို့ပါလီမန်များတွင် အတည်မပြုကြသေးကြောင်း၊ ဒီအတွက် Indian Confederation of Indigenous နဲ့ ZoRo တို့ ပူးပေါင်းပြီး အိန္ဒိယ အစိုးရထံ သဝဏ်လွှာလည်းပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ Mizoram State Legislative Assembly ကလည်း ၈၊ ၁၀၊ ၂၀၁၅ ခုနှစ်က အတည်ပြုခဲ့ပြီဖြစ်ကြောင်း၊ UN မှ အတည်ပြုထားပြီဖြစ်သော UN Declaration on the Rights of the Indigenous Peoples (UNDRIP), 2007 ကို တိုင်းရင်းသားမျိုးနွယ်စုများမှ အသုံးပြုနိုင်ရန်အတွက် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်သုံးနိုင်ငံက ပါလီမန်တွင် အတည်ပြုပေးကြပါရန်တောင်းဆိုသည်” ဟု ZoRO ၏ ကြေညာချက်တွင်ဖော်ပြထားပါသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် ZoRO သည် အိန္ဒိယ-မြန်မာ နှင့် ဘင်္ဂလားရှေဒ့် စသည့် သုံးနိုင်ငံတွင် ပြန့်နှံ့နေထိုင်ကြသော ဇို(ချင်း)မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်၌ ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...