စာရိတ္တပြုပြင်မှုကိုသာဦးတည်ပြီး ပြစ်မှုကျူးလွန်သူများကိုအပြစ်ပေးရန် အကြံပြု

စာရိတ္တပြုပြင်မှုကိုသာဦးတည်ပြီး ပြစ်မှုကျူးလွန်သူများကိုအပြစ်ပေးရန် အကြံပြု
by -
မဇ္စျိမ
ဓာတ်ပုံ- ဟောင်ဆာ(ရာမည)
ဓာတ်ပုံ- ဟောင်ဆာ(ရာမည)
ပစ်မှုကျူးလွန်သူများအား အကျင့်စာရိတ္တပြုပြင်မှုကိုသာဦးတည်ပြီး အပြစ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အကြံပြုထားသည်။

"ပြစ်မှုကျူးလွန်သူများအား အပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရပါမည်။ ပြစ်ဒဏ်ကျခံရသူများကိုလည်း နောက်နောင် ရာဇဝတ်မှု ကျူးလွန်ခြင်းမှ ကင်းလွတ်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားပေးပြီး လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်အောင် ဖန်တီးပေးရန် လိုပါသည်" ဟု ကော်မတီက အကြံပြုထားသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ သုံးသပ်အကြံပြုချက်များကို ကော်မတီဝင်ဖြစ်သူ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ဇန်နဝါရီ ၂၆ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

တရားစီရင်ရေးကဏ္ဍဖြစ်သည့် တရားရုံးများအား စောင့်ကြည့်လေ့လာရေးအတွက် လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိသင့်ကြောင်းလည်း ကော်မတီက အကြံပြုထားသေးသည်။

အကြံပြုချက်စုစုပေါင်း ၁၁ချက်ပါဝင်သည့် ကော်မတီ၏ အကြံပြုချက်များအနက် တရားဥပဒေစိုးမိုးရေးအတွက် အဟန့်အတား၊ အနှောက်အယှက်ဖြစ်စေသော၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံး ပြင်ဆင်သင့်က ပြင်၍ ပယ်ဖျက်သင့်က ပယ်ဖျက်ပြီး အသစ်ပြဌာန်းသင့်က ပြဌာန်းရပါမည်ဟုလည်း ပါရှိသည်။

ဥပဒေပြုရေးကဏ္ဍ၏ အခရာကျသော ပထမအကြိမ်လွှတ်တော်အစည်းအဝေးများမှာ ဇန်နဝါရီ ၂၉ရက်တွင် သက်တမ်းကုန်ဆုံးတော့ မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအမတ်များ အများစုနေရာရလာမည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို လာမည့် ဖေဖော်ဝါရီ ၁ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးအတွက် စာသင်ကျောင်းများတွင် လူမှုကျင့်ဝတ်ဆိုင်ရာသဘောတရားများ၊ ဥပဒေပညာအခြေခံများကို သင်ခန်းစာတစ်ခုအဖြစ် ထည့်သွင်းသင်ကြားနိုင်ရန် စီစဉ်သင့်သည်ဟုလည်း ကော်မတီ၏ အကြံပြုစာတွင် ဖော်ပြထားသေးသည်။

တရားဥပဒေစိုးမိုးရေးသည် တရားစီရင်ရေးကဏ္ဍနှင့်သာ သက်ဆိုင်ခြင်းမရှိဟု ကော်မတီကဆိုထားပြီး လက်ရှိအချိန်တွင် တရားဥပဒေစိုးမိုးရေးအတွက် "အာဏာပိုင်များ၏ ဖိအားပေးမှုများ၊ ဝင်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေသေးကြောင်းလည်း သုံးသပ်တွေ့ရှိရပါသည်" ဟု ကော်မတီက သုံးသပ်ထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...