နိုင်ငံအကြီးအကဲအာဏာလွှဲပြောင်းရေးအတွက်ထပ်မံဆွေးနွေး

နိုင်ငံအကြီးအကဲအာဏာလွှဲပြောင်းရေးအတွက်ထပ်မံဆွေးနွေး
by -
မဇ္စျိမ
လက်ရှိအစိုးရမှ ရွေးကောက်ပွဲအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ နိုင်ငံတော်အကြီးအကဲအာဏာ လွှဲပြောင်းပေးနိုင်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ဖက်မှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာ အောင်သူတို့ တက်ရောက်ပြီး အစိုးရဖက်မှ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး အပါအဝင် ၅ဦးတို့က ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲအာဏာ လွှဲပြောင်းခြင်းအပြင်၊ ၀န်ကြီးဌာနများ၏ ဆောင်ရွက်ဆဲလုပ်ငန်းများ အကြောင်းကို နှစ်ဖက်ဆွေးနွေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ လူမှုကွန်ယက်စာမျက်နှာမှသိရသည်။

နိုင်ငံတော်အကြီးအကဲအာဏာ လွှဲပြောင်းခြင်းအစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလတွင် ထပ်မံပြုလုပ်ရန်လည်း နှစ်ဖက်သဘောတူခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော်အကြီးအကဲ အာဏာလွှဲပြောင်းခြင်းအစည်းအဝေးကိုပြုလုပ်စဉ်။ ဓါတ်ပုံ၊ ဦးရဲထွဋ်ဖေ့ဘုတ်

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...