ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်ကို မှတ်ချက်ပေးရန်ဆန္ဒမရှိဟုု ဦးအေးသာအောင်ပြော

ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်ကို မှတ်ချက်ပေးရန်ဆန္ဒမရှိဟုု ဦးအေးသာအောင်ပြော
by -
မဇ္စျိမ
ရခိုင်အမျိုးသားပါတီ (ANP) နာယက ဦးအေးသာအောင်က ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ANP ပါတီ၏သဘောထား ကြေညာချက်မှာ ၄င်းအားအသိပေး ခဲ့ခြင်းမရှိသလို ယင်းကြေညာချက်အား သဘောထား မှတ်ချက်ပေးရန် ဆန္ဒမရှိကြောင်း ပြောကြားသည်။

ANP ပါတီ၏ သဘောထားကြေညာချက်အမှတ် ၁/၂၀၁၆ တွင် ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ANP ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမည်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂၃) ဦး အနိုင်ရထားသော ANP ပါတီသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့်မရပါက အတိုက်အခံ နိုင်ငံရေးပါတီအဖြစ ်ရပ်တည် သွားမည်ဟု ဖော်ပြခဲ့သည်။

''ဒီကြေညာချက်နဲ့ပတ်သက်လို့ အန်ကယ်တို့မသိဘူး။ ကြေညာချက်ကို အသိပေးတာ အကြောင်းကြား တာမရှိဘူး။ ဒါကြောင့် ကြေညာချက်ကို သဘောထား မှတ်ချက်ပေးဖို့မရှိဘူး။ သတင်းသမားတွေ မေးတော့မှ ဒီကြေညာချက် ထုတ်တယ် ဆိုတာသိရတာ။ ဒီကြေညာချက်ကို ဖတ်တောင်မဖတ်ရသေး တဲ့ အတွက် ဘာမှပြောဖို့ဆန္ဒမရှိဘူး။ နောက်တစ်စောင် ထပ်ထုတ်တာလဲမသိဘူး။ ANP ပါတီနဲ့ အန်ကယ့် ရှေ့အနေအထားက ပြောဖို့ခက်တယ်။'' ဟု လေဆိပ်သတင်းစာရှင်းပွဲ တွင် ပြောခြင်းဖြစ်သည်။

ဦးအေးသာအောင်သည် ဇန်နဝါရီ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ စစ်ပြန်အဖွဲ့မှ မိတ်ဖြစ်ဆွေဖြစ်ဖိတ်ကြား၍ စိုက်ပျိုးရေး၊ လယ်ယာကဏ္ဍတွင် ဂျပန်နိုင်ငံ၏ နည်းပညာ အထောက်အပံ့ရရှိရန် ရည်ရွယ်ကာ သွားရောက်ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေး ဖိတ်ကြားမှုဖြင့် အစားအသောက်၊ အသီးအရွက်တွင် စားသုံးသူ အန္တရာယ်ဖြစ်စေမည့် ပိုးသတ်ဆေး၊ ဆိုးဆေး၊ တာရှည်ခံဆေး ပါမပါ၊ ဓါတ်ခွဲစမ်းသပ်သည့်နေရာ၊ တိုင်းရင်းဆေးများတွင် တကယ်ညွန်းထားသည့် ဆေးများပါမပါ၊ အန္တရာယ်ရှိမရှိ သိနိုင်သည့် ဓါတ်ခွဲခန်းများအား လေ့လာခဲ့သည်ဟုဆိုသည်။

ယခုခရီးစဉ်သည် ၃ ကြိမ်မြောက်ဖြစ်ပြီး ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် မတွေ့ဖြစ်သော်လည်း ၄င်းတာဝန်ပေးထားသည့် လွှတ်တော်အမတ်တစ်ဦးနှင့် နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံအတွက် တတ်နိုင်သည့် အကူအညီပေးရေး ဆွေးနွေးခဲ့သည်။

''မြန်မာနိုင်ငံက လက်ရှိအပြောင်းအလဲတွေကို အားရကျေနပ်လို့ အကူအညီပေးမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံက ရောက် ရှိနေတဲ့ ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေလဲ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်'' ဟု ဦးအေးသာအောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က''အဲ့ဒီကြေညာချက်ကို ဦးအေးသာအောင် မသိဘူးဆိုတာ အံ့သြတယ်။ သူစစ်တွေကိုရောက်လာတယ်။ အမတ်တွေနဲ့တွေ့တဲ့ ပွဲမှာ ကြေညာချက်ကို အမတ်တိုင်းကိုပေးတယ်လို့ကြား ပါတယ်။ ကြေညာချက်၊ ထုတ်ပြန်ချက် အကုန်ပေးတယ်လို့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဖိုးမင်းကပြောပါတယ်။ အွန်လိုင်းမှာလဲပြန့်နေတော့ ဒီလောက်ဆိုရင် ဦးအေးသာအောင် သိလောက်မယ်ထင်ပါတယ်။ မသိဘူးလို့ပြောတဲ့ အဖြေပေါ်မှာ ကျွန်တော်စိတ်မကောင်းဘူး။ ဒါပေမယ့် ဦးအေးသာအောင်တို့ ဦးလှမြင့်တို့ ဦးကျော်မြင့်တို့ ALD ဖက်ကလာတဲ့ လေးငါးယောက်လောက် သူတို့ကိုဖုန်းဆက်လို့ ရမရတော့ကျွန်တော်မသိဘူး။'' ဟုမဇ္စျိမသို့ပြောသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...