ဆရာလေး ဒေါ်သုနန္ဒာထံ ခြောက်ရက်အတွင်း လူတစ်သောင်းကျော် လာရောက်ကုသမှုခံယူဟု ဆို

ဆရာလေး ဒေါ်သုနန္ဒာထံ ခြောက်ရက်အတွင်း လူတစ်သောင်းကျော် လာရောက်ကုသမှုခံယူဟု ဆို
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ တရုတ်လှကျေးရွာရှိ ဓမ္မဝိဟာရ တောရကျောင်း၌ သာသနာပြုအဖြစ် လာရောက်သီတင်းသုံးနေ သည့် ဆရာလေး ဒေါ်သုနန္ဒာမှ ရ ရက်သားသမီးများကို သစ္စာအဓိဌာန်ရေစင်ဖြင့် ကုသပေးနေရာ ဇန်နဝါရီ ၁၉ မှ ၂၅ရက်နေ့အထိ လူတစ်သောင်းကျော် ကုသမှုလာရောက်ခံယူနေသည်ဟု ယင်းကျောင်းထိုင်ဆရာတော် အရှင်ပုညာနန္ဒက ကေအိုင်စီသို့ မိန့်ကြားသည်။

အဆိုပါ ဆရာလေးထံသို့ ကရင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှ ၉၆ ပါး ဝေဒနာ ခံစားနေရသူ အများအပြား နေ့စဉ် တိုးဝှေ့လာရောက်ကုသနေပြီး ဆရာလေးက ယင်းလူနာများကို ဆေးထိုး၊ ဆေးလိမ်းကုသပေးခြင်းမျိုး မဟုတ်ဘဲ ဂါထာတော် ရွတ်ဖတ်ပေးကာ သစ္စာအဓိဌာန်ရေစင်သာ တိုက်ပေးခြင်းဖြစ်သည်ဟု ဆရာတော်အရှင် ပုညာနန္ဒက ကေအိုင်စီသို့ ယခုလို မိန့်ကြားသည်။

Monks

“ဦးဇင်းဒကာတစ်ယောက်က စကားမပြောတတ်ဘူး။ ဆရာလေးဆီသွားတော့ ဆရာလေးက သစ္စာရေမန်း တိုက်လိုက်တာ စကားပြောလာနိုင်တယ်။ ဒါကြောင့် ကိုယ့်ကရင်ပြည်နယ်ထဲက အဲလိုရောဂါသည်တွေကို ပျောက်အောင် ကရင်ပြည်နယ်ကိုလည်း လာရောက်ကုပါလို့ ဦးဇင်းတို့ သွားပင့်ပြီး လာကုခိုင်းတာ ဖြစ်တယ်။ လူနာတွေ တော်တော်လာကြတယ်။ တချို့ဆရာဝန်တွေနဲ့ လိုက်ကုတာ မပျောက်လို့ ဆရာလေးဆီမှာ လာကုတာ သက်သာတယ်ဆိုပြီး ရောဂါအခြေနေ ပြန်အကြောင်းပြန်တာ ရှိတယ်”ဟု ၎င်းက မိန့်ကြားသည်။

ထိုသို့ ကုသပေးရာတွင် ဆရာလေးက လူမျိုး၊ ဘာသာမရွေး အခမဲ့ကုသပေးခြင်းဖြစ်သလို သစ္စာအဓိဌာန် ပြုထားသည့် ရေများ ယူဆောင်သွားလိုသည့် လူများအတွက် တစ်ဗူးလျှင် ကျပ် တစ်ထောင်နှုန်းပေးရသည်ဟု လာရောက်ကုသမှုခံယူသူ လူနာများက ကေအိုင်စီသို့ ပြောသည်။

ဆရာလေးထံ လာရောက်ကုသမှုခံယူခဲ့သည့် မချောလှက “ကျမခြေထောက်ဒူးဆစ်ကိုက်လို့ သွားကုတာ သီလ ရှင်က ကျမဒူးဆစ်ကိုင်ပြီး ဂါထာရွတ်တယ်။ ပြီးတော့ အဲဒီရေမန်းနဲ့ဘဲ လိမ်းပေးတယ်။ သောက်တယ် တကယ်ပဲ သက်သာလာတယ်။ လာတဲ့ လူနာတွေက အစုံပဲ။ လမ်းမလျှောက်တတ်တဲ့ လူနာတွေဆို ထမ်းပြီးတော့ လာကြ တယ်။ တချို့က ဆေးရုံကနေဆင်းပြီး ဒီမှာ လာတယ်။ လူတွေ ပွဲထက်တောင် စည်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သီလရှင် ဆရာလေးသည် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ နာမ်ချွန်၊ နာမ်ထူး၊ နာမ်မြင့် တောရကျောင်း မှ ကြွရောက်လာခြင်းဖြစ်ကာ ယင်းဓမ္မဝိဟာရ တောရကျောင်းတိုက်၌ ဇန်နဝါရီ ၁၉ မှ ၂၇ ရက်နေ့အထိ ရောဂါကုသပေးမည်ဖြစ် သလို သီလရှင်ဆရာလေးအနေဖြင့် အခြားတိုင်းဒေသကြီးများသို့ ကြွရောက် ကုသပေးမှု အကြိမ် ၁၀၁ ကြိမ်ရှိပြီးဖြစ်ကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...