ဦးမန်းဝင်းခိုင်သန်း အမျိုးသားလွှတ်တော် အစည်းအဝေးတက်ရောက်လေ့လာ

ဦးမန်းဝင်းခိုင်သန်း အမျိုးသားလွှတ်တော် အစည်းအဝေးတက်ရောက်လေ့လာ
by -
မဇ္စျိမ
 နေသာ
နေသာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် လျာထားသည်ဟု နာမည်ထွက်ပေါ်နေသည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းသည် အမျိုးသားလွှတ်တော်အစည်းအဝေးသို ့ဇန်နဝါရီ ၂၅ရက်နေ့က လာရောက်လေ့လာခဲ့သည်ကို တွေ့ရသည်။

NLDပါတီ၏ အနိုင်ရ ကိုယ်စားလှယ်အများစုအနက် ဦးမန်းဝင်းခိုင်သန်းသည် လွှတ်တော်အစည်းအဝေးများသို ့လာရောက်လေ့ လာနေသည်မှာ တစ်ပတ်ခန် ့ရှိနေပြီဖြစ်သည်။

အခြားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဦးမန်းဝင်းခိုင်သန်းအား လာရောက်ကာ နှုတ်ဆက်သည်ကို တွေ ့ရသည်။

NLD ပါတီ မှ ပြည်သူ ့လွှတ်တော် ဥက္ကဌ နေရာအတွက် ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ အဖြစ် ဦးမန်းဝင်းခိုင်သန်းတို ့အားလျာထားပြီးဖြစ်သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က ပြည်ပမီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ယင်းသတင်းအပေါ် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်းကမူ ဗဟိုဆုံးဖြတ်ချက်မဟုတ်ကြောင်း မီဒီယာများသို ့ပြောကြားခဲ့သည်။

ဓာတ်ပုံ - နေသာ

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...