လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီဒေသ သို့ ထွက်ခွာ

လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီဒေသ သို့ ထွက်ခွာ
by -
ကေအဲန်ဂျီ
KNG၊ ၀ုိင်းမော် — အစိုးရ နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ရာ ကန်ပို်င်တီဒေသတွင်း ဘိန်းခင်းများ ဖျက်ဆိီးရေး အစီအစဉ်နှင့် ၀ုိင်းမော်မြို့တွင် စုရုံးရောက်ရှိနေကြသော ကချင်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ သည် ဒီနေ့မနက် ၁၀ နာရီတွင် ထွက်ခွာကြပြီဖြစ် သည်။

ကချင်ပြည်နယ် ဒေသအသီးသီးမှ လူထုအင်အား ၁၆၀၀ ကျော်ပါ၀င်သော ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ကားအစီး ၆၀ ကျော်ဖြင့် ကန်ပိုင်တီဒေသကို အဓိက ပစ်မှတ်ထားကာ ချီဖွေ ဒေသဘက်လည်း အုပ်စုခွဲ၍ တက်လာပြီဖြစ်သည်။

ပြည်နယ်အစိုးရ ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်လည်း လိုက်ပါ၍ လုံခြုံရေးပေးနေကြောင်း သိရသည်။

အဖွဲ့ငယ် (၁၂)ဖွဲ့ ခွဲကာ ဘိန်းခင်းများဖျက်ဆီးသွားမည်ဖြစ်ပြီး ၄င်း အဖွဲ့ခွဲ အမည်များကို ‘Dap Dung ni’ (မြန်မာလို တပ်ရင်းများ) ဟု ပေးထားသည်။ ဘိန်းခင်းဖျက်ဆီးမည့် အစီအစဉ်ကို ဇန်နဝါရီ (၁၈)မှ ကချင်တော်လှန်ရေးနေ့ အကြို ဖေဖော်ဝါရီ (၄) ရက်ထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ယခု အစိုးရ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ကန်ပိုင်တီဒေသသည် ကချင်ပြည်နယ်တွင်း ဘိန်းအများဆုံး စိုက်ပျိုးသောဒေသ ဖြစ်သည်။

ဘိန်းခင်းပိုင်ရှင်များက တုတ်ချောင်းများကိုင်စွဲကာ ကားလမ်းမ ပိတ်ဆို့ ဆန့်ကျင်ခဲ့ခြင်းကြောင့် ပြည်နယ်အစိုးရ ကြားဝင်၍ ဘိန်းခင်းဖျက်ဆီး အစီအစဉ် ခေတ္တဟန့်တားထားရာမှ ဇန်နဝါရီ ၂၁ နေ့ ပြန်လည် ခွင့်ပြုခဲ့သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...