ကယားတွင် တက္ကသိုလ်ကျောင်းသားများနှင့် ဆယ်တန်းအောင်ပြီးသူများ အင်္ဂလိပ်အရည်အချင်း တိုးတက်ရန် သင်တန်းပေးလျက်ရှိ

ကယားတွင် တက္ကသိုလ်ကျောင်းသားများနှင့် ဆယ်တန်းအောင်ပြီးသူများ အင်္ဂလိပ်အရည်အချင်း တိုးတက်ရန် သင်တန်းပေးလျက်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)
ကျောင်းဖွင့်ပွဲ အခမ်းအနား
ကျောင်းဖွင့်ပွဲ အခမ်းအနား
အမေရိကန်နိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ ဗျူရို၏ ထောက်ပံ့မှုဖြင့် တက္ကသိုလ်ဝင်တန်းအောင်ပြီးသူများနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ အင်္ဂလိပ်စာ အရည်အချင်း တိုးတက်လာစေရန် ရည်ရွယ်ပြီး English Access Micro Scholarship အင်္ဂလိပ်စာ သင်ကြားမှုအစီအစဉ်တစ်ခုကို ကယားပြည်နယ် လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်တွင် ဖွင့်လှစ်သွားခဲ့သည်။

၎င်းသင်တန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခု လက်ရှိတွင် ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံမှ ကျောင်းသူ/သားများ တက်ရောက်လာကြကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို Cultural Affairs Assistant (Education) ဆရာမ မသူဇာသွင်က “စာကြိုးစားပြီးတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်နေဆဲ ကျောင်းသူ /သားတွေရဲ့ အင်္ဂလိပ်စာ အရည်အချင်း တိုးတက်မြင့်မားလာဖို့ကို အဓိကမျှော်မှန်းပါတယ် ” ဟုပြောသည်။

ဆက်လက်ပြီး ကမ္ဘာတွင် အင်္ဂလိပ်စာသည် ကမ္ဘာကြီး၏ ပြတင်းပေါက်သဖွယ် ဖြစ်နေသောကြောင့် အင်္ဂလိပ်စာကို အဓိကသင်ကြားပေးချင်သည်ဟု ဆရာမ မသူဇာသွင်က ပြောသည်။

သင်တန်းတွင် အမေရိကန်နိုင်ငံ၏ ပြည်သူ့သံတမန်ရေးရာ အရာရှိ Peter R. Fasnacht က “ဒီသင်တန်းထဲမှာ လာတက်ရောက်ပေးကြတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဘာသာပေါင်းစုံက ကျောင်းသူကျောင်းသားတွေကို ဒီလိုမျိုး တက်ရောက်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင် ဂုဏ်ယူမိပါတယ် ” ဟု ပြောသည်။

သင်တန်းတွင် တက်ရောက်လာသော သင်တန်းသူ မဇူဇမ်မိုးကျော်က “ကျွန်မက အင်္ဂလိပ်စာကို အရမ်းစိတ်ဝင်စားတယ် လေ့လာ ချင်တယ်၊ ဒီအင်္ဂလိပ်စာနဲ့ပဲ ကျွန်မရဲ့ လူ့အဖွဲ့အစည်းတွေကို တိုးတက်အောင်လုပ်ဆောင်ပေးမယ်လို့ ကျွန်မရည်ရွယ်ထားတဲ့အတွက်ကြောင့် ကျွန်မ ဒီသင်တန်းကို တက်ရောက်တာဖြစ်ပါတယ်” ဟု ပြောသည်။

ကယားပြည်နယ်တွင်ရှိသော လူ့အဖွဲ့အစည်းကို ပညာရေးနှင့် တိုးတက်အောင် လုပ်ဆောင်ပေးမည်ဟုလည်း မဇူဇမ်မိုးကျော်က ဆက်ပြောသည်။

၎င်းတို့အနေဖြင့် ယခု English Access Micro Scholarship အင်္ဂလိပ်စာ သင်ကြားမှုအစီအစဉ် ပြီးဆုံးသွားလျှင် အဆင့်မြင့်ပညာကို လေ့လာသင်ယူရန်အတွက် နိုင်ငံခြားသို့ဖြစ်စေ၊ ကိုယ့်နိုင်ငံတွင်းတွင် သင်ယူ၍ဖြစ်စေ အင်္ဂလိပ်စာ အခြေခံ ခိုင်မာဖို့သည် အရေးကြီးဆုံးဖြစ်ကြောင်း ဆက်ပြောသည်။

၎င်း English Access Micro-Scholarship Program ကို အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီး၊ တက္ကသိုလ်တက်ရောက်ရန် သို့မဟုတ် တက္ကသိုလ်တစ်ခုခုတက်နေဆဲ အသက်အပိုင်းအခြားရှိ ကျောင်းသူ/သားများက တက်ရောက်နေကြသည်။

ယခုသင်တန်းတွင် ကျောင်းသား ၂၀ ဦးနှင့် ကျောင်းသူ ၂၀ ဦးတို့ တက်ရောက်နေကြောင်း သိရသည်။

ယခု ပညာသင်ဆုသည် ကျောင်းသား၊ ကျောင်းသူများကို အပြည့်အဝထောက်ပံ့ပေးသော သင်တန်းဖြစ်သောကြောင့် ကျောင်းသား မိဘဘက်ကနေ၍ ကုန်ကျခံစရာမလိုပဲ ကလေးများကို သင်တန်းတက်ရောက်ဖို့ တိုက်တွန်းပေးရန်သာ လိုအပ်ကြောင်း ဆရာမ သူဇာသွင်က ပြောသည်။

သင်တန်းကျောင်းမှ ကျောင်းသူ/သားများအား ကျောင်းပိတ်ရက်များဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့များတွင် အင်္ဂလိပ်စာကို ၂ နှစ်ဆက်တိုက် သင်ကြားပေးသွားမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...