ဒေါတခြားကျေးရွာတွင် ရေချောင်းတစ်ချောင်းတည်းကို နှစ်ရွာပေါင်းသုံးနေရသောကြောင့် အခက်အခဲဖြစ်

ဒေါတခြားကျေးရွာတွင် ရေချောင်းတစ်ချောင်းတည်းကို နှစ်ရွာပေါင်းသုံးနေရသောကြောင့် အခက်အခဲဖြစ်
by -
ကန္တာရဝတီတိုင်း(မ်)
ဒေါတခြားရေထိန်းတံခါး (ဓါတ်ပုံ - မူအက်စတာ)
ဒေါတခြားရေထိန်းတံခါး (ဓါတ်ပုံ - မူအက်စတာ)
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒေါတခြားကျေးရွာတွင် ချောင်းတစ်ခုတည်းကို နှစ်ရွာပေါင်းပြီး ရေသုံး စွဲနေရသောကြောင့် ရေလုံလောက်မှုမရှိသည့် ပြဿနာနှင့် ကြံုနေရကြောင်း ဒေါတခြားကျေးရွာမှ ဦးပိုးရယ်က ဇန်နဝါရီလ ၁၉ ရက်နေ့က ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

“ကျွန်တော်တို့ ဒီရေကို နှစ်ရွာပေါင်း သုံးနေရတဲ့အတွက်ကြောင့် တစ်ရက်ခြားပေါ့နော၊ ရေစုပ်စက်နဲ့ တစ်ရက်ခြားမောင်းပြီး ရေတွေ ကို အသုံးပြုနေရတဲ့အတွက် လုံလောက်မှုမရှိဘူးပေါ့နော” ဟု ပြောသည်။

အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ဒေါတခြား(ကယား)ရွာနှင့် ဒေါတခြား(ပအိုဝ်း)ရွာတို့သည် ရေရရှိရေးအတွက် ရွာနှင့် ၁၀ ဖာလုံခန့်ဝေးကွာသော မိုးဗြဲရေကာတာကနေ ဒေါတခြားရေထိန်းသို့ သွားသည့် ဘီလူးချောင်းမှ ရေမြောင်းငယ်နှင့်သွယ်ယူပြီး ထိုရေမြောင်းမှတဆင့် ရေစုပ်စက်ငယ်ဖြင့် ထပ်မံ မောင်းနှင်စုပ်ယူပြီး တစ်ရွာကို တစ်ရက်စီ အလှည့်ကျ မောင်းနှင်ပြီး ရေတင်ကြရကြောင်း သိရသည်။

မိုးဗြဲရေကာတာတွင် အမှီပြုပြီး ရေကိုအသုံးပြုနေရသည့်အတွက် မိုးဗြဲရေ ကာတာတွင် ရေနည်းလျှင် ဒေါတခြားရေ ထိန်းသည်လည်း ရေနည်းသဖြင့် စက်မလည် ပတ်နိုင်ကြောင်း ဒေါတခြားရေ ထိန်းတံခါး စက်မောင်း ဦးအောင်မင်းထွေး က ပြောသည်။

“မိုးဗြဲမှာ ရေနည်းရင် ဒီဘက်လည်း နည်းတာပဲ၊ ဒါကြောင့် ရေနည်းရင်တော့ စက်လည်ပတ်လို့ မရနိုင်ဘူးပေါ့။ ဒီနှစ်ရေတော်တော်နည်းတယ်၊ မိုးလည်းနည်းတော့လေး ရာသီဥတုနဲ့လည်း ဆိုင်တယ်လို့ ပြောရမှာပေါ့။ မိုးရွာရင် ကျွန်တော်တို့လည်း ရေပေါပေါသီသီ သုံးလို့ရတာပေါ့ ” ဟု ဦးအောင်မင်းထွေးက ပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် ကျေးရွာ ကိုယ်ထူကိုယ်ထ ရေရရှိရေးအတွက် တစ်ရွာကို ကျပ်ငါးသိန်းစီ ကောက်ခံကာ ရေစက်တစ်လုံးဝယ် ခဲ့ပြီး Care Myanmar အဖွဲ့အစည်းမှလည်း ကျေးရွာရေရရှိရေးအတွက် ကူညီပေးခဲ့ကြောင်း သိရသည်။

နှစ်စဉ် နွေရာသီတွင် ရေများကို ရေချောင်းမှ ပခုံးထမ်းပြီး ရေသယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရေစက်ကို ကျေးရွာနှင့် ၅ ဖာလုံအကွာတွင်သာ တည်ဆောက်ထားနိုင်ပြီး ၄ လက်မ အချင်းရှိသည့် ရေပိုက်ဖြင့်သာ သွယ်နေရသောကြောင့် ရေတင်နှုန်း အားမရဖြစ်နေ၍ ရေစက်ကို ရေချောင်းအနီးတွင် တည်ဆောက်ပြီး လည်ပတ်စေလိုကြောင်း သို့မှသာ ရေအားပိုကောင်းလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဒေါတခြားရေထိန်းတံခါး (ဓါတ်ပုံ - မူအက်စတာ)

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...