ဟိမဝန္တာ၌ ထိန်းသိမ်းထားသည့် ဗုဒ္ဓ၏အရိုးဓာတ်တော်ကို ပူဇော်ခွင့်ရကြမည်

ဟိမဝန္တာ၌ ထိန်းသိမ်းထားသည့် ဗုဒ္ဓ၏အရိုးဓာတ်တော်ကို ပူဇော်ခွင့်ရကြမည်
by -
မဇ္စျိမ
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံအတွက် ကြိုတင်ပြင်ဆင်နေ။ photo - Myanma Alinn
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံအတွက် ကြိုတင်ပြင်ဆင်နေ။ photo - Myanma Alinn
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံကာလ၌ ဟိမဝန္တာမှ ဗုဒ္ဓ၏ အရိုးဓာတ်တော်ကို မြန်မာနိုင်ငံသားများ ၈ ရက်ကြာ ပူဇော်ခွင့် ရကြမည်ဟု သိရသည်။

ဟိမဝန္တာမှ ဗုဒ္ဓ၏ အရိုးဓာတ်တော်ကို ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံ (The World Buddhist Peace Conference) မကျင်းပမီ တစ်ရက်အလို ဇန်နဝါရီ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံမှတဆင့် စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်သို့ ပင့်ဆောင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းများတွင် နေထိုင်သူ လူမျိုးစုတစ်စုုက ထိန်းသိမ်းထားသည့် အဆိုပါ ဗုဒ္ဓ၏ အရိုးဓာတ်တော်ကို ယင်းလူမျိုးစုတို့၏ ဘာသာရေး ဒုတိယအကြီးအကဲ အပါအဝင် ဘာသာရေးခေါင်းဆောင် ၅ ဦးတို့က မန္တလေးလေဆိပ်သို့ သယ်ဆောင်လာမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ဗုဒ္ဓ၏ အရိုးဓာတ်တော်သည် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကိန်းဝပ်အပူဇော်ခံမည်ဟု သိရသည်။

ဇန်နဝါရီ ၂၂ ညနေပိုင်းတွင် စစ်ကိုင်းမြို့ကောင်းမှုတော်၊ ဇန်နဝါရီ ၂၃ တွင် မန္တလေးမြို့ မဟာမုနိဘုရားကြီး၊ ဇန်နဝါရီ ၂၄ တွင် မန္တလေးမြို့ သုဓမ္မာကျောင်းတော်၊ ဇန်နဝါရီ ၂၅ တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ ဇန်နဝါရီ ၂၆ တွင် တောင်ငူမြို့ရွှေဆံတော်ဘုရား၊ ဇန်နဝါရီ ၂၇ နှင့် ၂၈ တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် စသည်ဖြင့် လှည့်လည် ကိန်းဝပ် အပူဇော်ခံမည်ဟု သတင်းစာက ဖော်ပြသည်။ ဇန်နဝါရီ ၂၉ တွင်မူ အိန္ဒိယသို့ ပြန်လည်ကြွချီမည်ဖြစ်သည်။

ဇန်နဝါရီ ၂၂ ရက်မှ ၂၅ ရက်အထိ စစ်ကိုင်းတောင်ရိုး သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပမည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံသို့ တိဗက်ဘုန်းတော်ကြီးများအပါအဝင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ လာတက် ကြမည်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံများမှ ဘာသာရေး ကျွမ်းကျင်သူများနှင့် လေ့လာသူ ၂ဝဝ ကျော်တို့ ရောက်ရှိနေပြီဟု မြဝတီ သတင်းဌာနမှ ဖော်ပြထားသည်။

တက်ရောက်ကြမည့် ဘာသာရေးကိုယ်စားလှယ်များထဲတွင် ချီလီ၊ မွန်တီနီဂရိုး၊ ဆားဗီးယားနှင့် ဆလိုဗေးနီးယား၊ သီရိလင်္ကာ၊ ဥရုဂွေး၊ ဗီယက်နမ်၊ အိန္ဒိယ၊ အီဂျစ်နိုင်ငံတို့မှလည်း ပါ၀င်ကြသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...