ကယားပြည်နယ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ရပ်စဲခံရ

ကယားပြည်နယ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ရပ်စဲခံရ
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းယူရှိန် တာဝန်မှ ရပ်စဲခံရသည်ဟု ကယားပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ကယားပြည်နယ်တွင် အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် လအနည်းငယ်မျှသာ တာဝန်ထမ်းဆောင်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုး ရဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ပြစ်မှုကျူးလွန်ခဲ့၍ အရေးယူခံရခြင်းဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးရန်အောင်က ပြောသည်။

ဝန်ကြီးက “သူပြန်သွားပြီ။ ဟုတ်တယ်ရပ်ထားတယ်။ သူ့အရင်မကွေးတိုင်းက ကိစ္စတစ်ခုကြောင့်ပါ။ ဒါသူလုပ်တဲ့အလုပ် သူ့ဖာသာသူခံပေါ့။” ဟု ပြောသည်။

ကယားပြည်နယ်အတွင်းတွင်လည်း လာဘ်ပေးလာဘ်ယူသည့် ဖြစ်ရပ်များရှိနေသည့်အတွက် အဂတိလိုက်စားမှု မရှိစေရန် ယခုကဲ့သို့ ပြစ်မှုထင်ရှားရှိသူများကို တိတိကျကျ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးက အောက် ပါအတိုင်း အကြံပြုပြောဆိုသွားသည်။

“လုပ်နေတာတော့လုပ်တာပဲ။ လာဘ်ပေးလာဘ်ယူတွေ မလုပ်ဖို့ လုပ်နေတာပဲ။ ယူတဲ့ယူကယူတာပဲ။ နောက်ဆိုရင်အခုလိုမျိုး မရှိအောင် ခုလိုမျိုးပြတ်ပြတ်သားသား အရေးယူဖို့လိုတယ်။” ဟု ဝန်ကြီးက ပြောသည်။

ဇန်နဝါရီလ ပထမပတ်အတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်း ၊ ကယားပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမင်းယူရှိန် ၊ မကွေးတိုင်းစည်ပင်သာယာရေးဦးစီဌာန ညွန်ကြားရေးမှူး ဦးမောင်အောင် ၊ ဒုတိယညွန်ကြားရေးမှူး ဦးလင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အရေးယူမှုအရ ဝန်ထမ်းအဖြစ်မှ ရပ်စဲခြင်းခံရကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...