ANP ပါတီဝင်များကို ရခိုင်အစိုးရတွင် ထည့်သွင်းရန်ပြော၊ သို့မဟုတ်ပါက အတိုက်အခံ နိုင်ငံရေး လုပ်မည်ဆို

ANP ပါတီဝင်များကို ရခိုင်အစိုးရတွင် ထည့်သွင်းရန်ပြော၊ သို့မဟုတ်ပါက အတိုက်အခံ နိုင်ငံရေး လုပ်မည်ဆို
by -
မဇ္စျိမ
အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ- ANP က ကမ်းလှမ်းလိုက်ပြီး ANP ပါတီဝင်များ ရခိုင်ပြည်နယ်အစိုးရတွင် မပါဝင်ပါက အတိုက်အခံနိုင်ငံရေးသာ လုပ်သွားမည်ဟု ဇန်နဝါရီ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစဉ်တစိုက် ရပ်တည်လာခဲ့သော ဒီမိုရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့် မူအရ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်ရမည်ဟု ရပ်တည် ဆုံးဖြတ်ထားသည်။” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇန်နဝါရီလ ၁၅ ရက် စစ်တွေမြို့ ရွှေစေတီ ကျောင်းတိုက်တွင် ပြုလုပ်သည့် ရပ်မိရပ်ဖများနှင့် ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးညီပုက “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း မည်ဖြစ်ကြောင်း” ပြောဆိုချက်ကိုလည်း ထုတ်ပြန်ချက်တွင် ကိုးကားဖေါ်ပြထားသည်။

အဆိုပါ တင်ပြချက်သည် “ရခိုင် အမျိုးသားပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ တွင် သိမ်မွေ့စွာ လျှောက်လှမ်းကြရမည့် လမ်းကြောင်းကို အဟန့်အတား ဖြစ်စေမည်” ဟုလည်း သတိပေးထားသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးအနိုင်ရရှိထားသည့် ANP ပါတီက “ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရရှိပါက ရခိုင်အမျိုးသားပါတီသည် မည်သည့်အစိုးရ အဖွဲ့အစည်းတွင်မဆို လုံးဝပါဝင်ခြင်းမပြုဘဲ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် ရပ်တည်သွားမည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံ ANP က ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရန် ဆွေးနွေးရန်လည်း ကမ်းလှမ်းထားသည်။

ANP

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...