ခေါင်းဆောင်သာဦးဆောင်သည့် ပြု ပြင်ပြောင်းလဲရေး အောက်ခြေထိ မရောက်နိုင်

ခေါင်းဆောင်သာဦးဆောင်သည့် ပြု ပြင်ပြောင်းလဲရေး အောက်ခြေထိ မရောက်နိုင်
by -
မဇ္စျိမ
ဇန်နဝါရီလ ၂၀ရက်၊ ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ၊ Mi Casa ဟိုတယ်တွင် ပြုလုပ်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းများ ကမ္ဘာ့ခေါင်းဆောင်များထံမှသင်ယူခြင်း စာအုပ်ထုတ်ဝေခြင်းအခမ်းအနား၌ မြန်မာနိုင်ငံ အသွင်ကူးပြောင်းခြင်းအပေါ်ဆွေးနွေးတင်ပြနေသည့် ဦးကိုကိုကြီးကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ ဟိန်းကိုစိုး။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ခေါင်းဆောင်များကသာ အားလုံးသိရှိနားလည်ပြီး၊ မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်မည်ဟု စဉ်းစားဆောင်ရွက်ရုံဖြင့် ပြည်သူများပါ၀င်ပြီး အောက်ခြေအထိ ရောက်ရှိသည့် ပြုပြင်ပြောင်းလဲရေး မျိုး ဖြစ်လာနိုင်မည်မဟုတ်ဟု ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဇန်နဝါရီ ၂၀ရက်တွင် ပြောကြားသည်။

"ခေါင်းဆောင်တွေက အားလုံးငါသိငါတတ်၊ ဘယ်အချိန်မှာဘာလုပ်ပေးရမလဲဆိုတာ စဉ်းစားပြီးသား၊ အဲဒီလို့ သဘောထားမျိုးနဲ့ သွားနေရင်တော့ ကျွန်တေ်ာတို့ ပြုပြင်ပြောင်းလဲရေးက အောက်ခြေအထိ ရောက်တဲ့ ပြည်သူတွေပါတဲ့ ပြောင်းလဲမှု မဖြစ်နိုင်ဘူး။ ပြည်သူတွေရဲ့အခန်းကဏ္ဍ၊ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့်က ဘာလဲဆိုတာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဖို့ ရှာဖွေဖို့က ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးဆုံးအရာဖြစ်တယ်။" ဟု ၄င်းကဆိုသည်။

ဇန်နဝါရီလ ၂၀ရက်၊ ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ၊ Mi Casa ဟိုတယ်တွင် ပြုလုပ်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း များ ကမ္ဘာ့ခေါင်းဆောင်များထံမှ သင်ယူခြင်း စာအုပ်ထုတ်ဝေခြင်း အခမ်းအနား၌ မြန်မာနိုင်ငံ အသွင်ကူးပြောင်းခြင်းအပေါ် ဦးကိုကိုကြီးက ယင်းသို့ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ပြန်လည်သင့်မြတ်ရေးအတွက် အတိတ်ဖြစ်ရပ်များမှ လေ့လာသုံးသပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကောင်းမွန်စွာ ဖော်ထုတ်ခြင်း၊ စားပွဲဝိုင်းဆွေးနွေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုတို့မှ ရှောင်ရှားခြင်း တို့ကို ဆောင်ရွက်သင့်သည်ဟု ချီလီနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တူညီမှုရှိသည့် မြန်မာနိုင်ငံကို အကြံပြုကြောင်း ချီလီနိုင်ငံ သမ္မတဟောင်း Ricardo Lagos က စကားပြန်မှတဆင့် ပြောသည်။

ဗျူရိုကရက်အင်အားစု(အမြဲတမ်းအတွင်းဝန်အပါအဝင် အနိမ့်ဆုံးအဆင့် ၀န်ထမ်းအထိ တာဝန်ထမ်းဆောင် နေသူများ) များကို မောင်းနှင်နိုင်ရေးမှာ ရွေးကောက်ခံ အစိုးရအတွက် ရင်ဆိုင်ရမည့်အခက်အခဲတစ်ခု ဖြစ်လာနိုင်သည်ဟုလည်း ဦးကိုကိုကြီးကဆိုသည်။

"ဦးစီးဌာနတွေရဲ့ ဖွဲ့စည်းပုံ ဒါတွေအားလုံးကို သေသေချာချာစဉ်းစားပြီးတော့မှ ပြုပြင်ရမယ်လို့ထင်တယ်။ တစ်ခါတစ်လေကျတော့ လည်း ဗြုန်းကနဲပြောင်းလိုက်ရင်လည်း ရှော့တွေရှိတယ်။ ဒါကြောင့် တစ်ဖက်က သိမ်သိမ်မွေ့မွေ့နဲ့ ကူးပြောင်းနိုင်အောင် ပညာပေးမှုတွေကော လိုအပ်တယ်။" ဟု ၄င်းကဆိုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းများ ကမ္ဘာ့ခေါင်းဆောင်များထံမှ သင်ယူခြင်း စာအုပ်ကို ချီလီ၊ အင်ဒိုနီးရှား၊ ပိုလန်၊ စပိန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သမိုင်းများကို ရေးသားကာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်ရေး  မြန်မာ၊ အင်္ဂလိပ်ဘာသာနှစ်ခုဖြင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၀ရက်၊ ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ၊ Mi Casa ဟိုတယ်တွင် ပြုလုပ်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းများ ကမ္ဘာ့ခေါင်းဆောင်များထံမှသင်ယူခြင်း စာအုပ်ထုတ်ဝေခြင်းအခမ်းအနား၌ မြန်မာနိုင်ငံ အသွင်ကူးပြောင်းခြင်းအပေါ်ဆွေးနွေးတင်ပြနေသည့် ဦးကိုကိုကြီးကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ ဟိန်းကိုစိုး။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...