ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ၃၈ ကွက် တင်ဒါပြီးခဲ့ပြီ

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ၃၈ ကွက် တင်ဒါပြီးခဲ့ပြီ
by -
မဇ္စျိမ
လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် လုပ်ကွက် ၃၈ ကွက်အား တင်ဒါခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ယင်း ၃၈ ကွက်မှ ရေနက်ကမ်းလွန် ၁၈ ကွက်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တွေ့သော်လည်း ကျန် ၂၀ မှာမူ ဆက်လက်ရှာဖွေနေ ဆဲဖြစ်သည်။

တင်ဒါချထားသည့် ကမ်းလွန် ၃၈ ကွက်ရှိရာမှ ၁၆ ကွက်စာထွက်သည့် ဓာတ်ငွေ့များကို လုပ်ကွက်ရှိ ဒေသအတွက် သုံးသွားရန်လျာထားသည်ဟု သိရသည်။

တင်ဒါမချဘဲ နောက်ပိုင်းကာလများအတွက် ချန်ထားသည့်လုပ်ကွက် ၁၃ ကွက်ရှိသေးသည်ဟုလည်း ဖော်ပြသည်။ ထို့ပြင် ကုန်းတွင်းလုပ်ကွက် ၅၃ ကွက်ကိုလည်း ရှာဖွေရေးများ ဆက်လက်လုပ်ကိုင်ရန် ရှိသေးသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်းကို ရခိုင်ပင်လယ်ကမ်းရိုးတန်း၊ တနင်္သာရီတိုင်းနှင့် မုတ္တမကမ်းလွန် ဧရိယာ တို့တွင် လုပ်ကိုင်နေကြသည်ဟု GNLM သတင်းကဆိုသည်။

လက်ရှိကာလတွင် ကုမ္ပဏီ ၁၇ ခုက ကမ်းလွန်သဘာဝဓာတ်ငွေ့တူးဖော်ရေးဆောင်ရွက်နေပြီး နောက်ထပ် ကုမ္ပဏီ ၁၉ ခုမှာ အလားတူဆောင်ရွက်မှုများကို ကုန်းတွင်း၌ ဆက်လက်လုပ်ကိုင်ခွင့်ရရှိထားသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၅ ခု စက်တင်ဘာလကုန်၌ ကန်ဒေါ်လာ ၁၉ ဘီလီယံကျော်ရှိသည်ဟု ဆင်ဟွာသတင်းဌာနက ၂၀၁၆ ခု ဇန်နဝါရီ ၂၀ ၌ ဖော်ပြသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...