မော်လမြိုင်-ဘီလူးကျွန်း သံလွင်မြစ်ကျော် ၆၆ ကေဗွီ လျှပ်စစ်ဓါတ်အားလိုင်းစမ်းသပ်

မော်လမြိုင်-ဘီလူးကျွန်း သံလွင်မြစ်ကျော် ၆၆ ကေဗွီ လျှပ်စစ်ဓါတ်အားလိုင်းစမ်းသပ်
by -
မဇ္စျိမ
 ချောင်းဆုံမြို့နယ် ဓါတ်အားခွဲရုံ(MNA)
ချောင်းဆုံမြို့နယ် ဓါတ်အားခွဲရုံ(MNA)
မွန်ပြည်နယ်၊ မော်လမြိုင် လျှပ်စစ်ဓာတ်အားခွဲရုံမှတဆင့် ဘီလူးကျွန်း (ချောင်းဆုံ) လျှပ်စစ်ဓါတ်အားခွဲရုံသို့ သွယ်တန်းနေသည့် ၆၆ ကေဗွီ လျှပ်စစ်ဓါတ်အားလိုင်းကို ဇန်နဝါရီလ (၁၇) ရက်နေ့မှစတင်၍ လျှပ်စစ်စမ်းသပ် ထုတ်လွှင့်နေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးဇော်ဇော်ခက်က“မော်လမြိုင်မှ ချောင်းဆုံသို့ သွယ်တန်းနေသည့် ၆၆ ကေဗွီ လျှပ်စစ်ဓါတ်အား လိုင်းတော့ ရက်ပေါင်း ၈၀ ကြာ အကောင်အထည်ဖော်ခဲ့ပါတယ်၊ ၁၇.၁.၂၀၁၆ ရက်နေ့က ချောင်းဆုံလျှပ်စစ်ဓါတ်အားခွဲရုံသို့ လျှပ်စစ်ဓါတ်အားလိုင်း စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ၁၈.၁.၂၀၁၆ ရက်မှာတော့ ချောင်းဆုံ လျှပ်စစ်ဓါတ်အားခွဲရုံမှ တဆင့် ကလော့၊ ဒရယ်၊ ကော့မုပွန်၊ ကမာကေး လျှပ်စစ်ဓါတ်အားလိုင်းတွေမှာ စမ်းသပ်ထုတ်လွှင့်ခဲ့တယ်” ဟု ပြောသည်။

ချောင်းဆုံမြို့နယ်တွင် လျှပ်စစ်ဓါတ်အားလိုင်း (၄) လိုင်းခွဲထားပြီး ကျေးရွာပေါင်း ၃၆ ရွာရှိအနက် ကျေးရွာ ရ ရွာခန့် ယခုလျှပ်စစ်မီးရောက်ရှိနေပြီဖြစ်ကြောင်း၊ ကျန်သည့် ဝဲလမ်း၊ မူးယစ်ကြီး၊ ကလော့၊ အပြိုင်၊ ဇော်ကဲ၊ ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ် အနောက်၊ မုဒွန်းရွာများတွင် လုပ်ငန်းမပြီးမြောက်သေးကြောင်း၊ ဇန်နဝါရီလ မကုန်မီ ကျေးရွာ ၁၅ ရွာခန့် လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း၊ ကျန်သည့်ကျေးရွာများတွင်လည်း မီးလင်းရေးကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “ချောင်းဆုံလျှပ်စစ်ဓါတ်အားခွဲရုံကနေတဆင့် ကလွီ၊ ကော့မုပွန်၊ မူးယစ်ကလေး၊ ရွာလွတ် ဆိုပြီး ဓါတ်အားလိုင်း ၄ လိုင်းရှိပါတယ်၊ ဒီ ၄ လိုင်းထဲမှာ ရွာတိုင်းလိုလို ထရမ်စဖောမာတွေ၊ လျှပ်စစ်မီးကြိုးတွေ ရရှိဖို့အတွက် အားလုံးလုပ်ထားပြီးပြီ၊ ဒီ ၄ လိုင်းက ၁၁ ကေဗွီလိုင်း၊ ရွာတွေမှာ ထရမ်စဖောမာကနေတဆင့် အိမ်တွေမှာ ဖြန့်ဖြုုးဖို့အတွက်က ၄၀၀ ဗို့လိုင်း၊ ဒီအဆင့်ရောက်ရင်တော့ အစိုးရကနေပြီး ဘတ်ဂျက်ငွေချပေးထားတာ မရှိဘူး၊ ကျေးရွာ ဒေသခံတွေကပဲ မီးလင်းရေးကော်မတီတွေ ဖွဲ့စည်းပြီးတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်နေပါ တယ်၊ အခုဆိုရင် ဒုတိယအဆင့်လောက်တော့ ပြီးနေပါပြီ၊ ကျေးရွာတွေ၊ အိမ်တွေမှာ လျှပ်စစ်မီး သွယ်တန်းဖို့ ကိစ္စ ကျန်သေးတယ်၊ လုပ်နေတုန်းပဲ” ဟု ပြောသည်။

အဆုုိပါ လျှပ်စစ်မီးသွယ်တန်းရာတွင် အဆင့် (၃) ဆင့်ရှိကြောင်း၊ မော်လမြိုင်မှ ဘီလူးကျွန်း (ချောင်းဆုံ) သို့၊ ချောင်းဆုံမှ ကျေးရွာ များသို့ ဖြန့်ဖြုုးသည့်အဆင့်၊ ကျေးရွာမှတဆင့် အိမ်များသို့့ ဖြန့်ဖြုုးသည့်အဆင့်ရှိကြောင်း သူက ဆက်ပြောသည်။

“အခုလို လျှပ်စစ်မီး ရခါနီးပြီးဆိုတော့ အရမ်းဝမ်းသာပါတယ်၊ ထမင်း ဟင်းချက်လို့ရမယ်၊ ပူအိုက်ရင်လည်း ပန်ကာဖွင့်လို့ရမယ် ဆိုတော့ အရမ်းဝမ်းသာပါတယ်။ လျှပ်စစ်မီး မရခင် ကတည်းကဆို ဖယောင်းတိုင်ပဲထွန်းရတာ လျှပ်စစ်မီးလောက်တော့ အဆင်မပြေဘူး” ဟု ဒေါင်းဥ ကျေးရွာမှ ဒေါ်စန်းမြင့် ကပြောသည်။

ကျေးရွာအုပ်စုပေါင်း ရ၈ ရွာရှိသည့် ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ်တွင် ယခင်က ဒီဇယ်ဆီအသုံးပြုလည်ပတ် သည့် ချောင်းဆုံမြို့လျှပ်စစ်ဓါတ်အားခွဲရုံမှတဆင့် ကျေးရွာ ၁၀ ရွာခန့် ကန့်သတ်အချိန်ဖြင့်သာ လျှပ်စစ်မီးအသုံးပြုခွင့်ရရှိခဲ့သည်။

မော်လမြိုင်- ဘီးလူးကျွန်းသို့ သွယ်တန်းနေသည့် ၆၆ ကေဗွီ ဓါတ်အားလိုင်းသည် ပြည်ထောင်စုအစိုးရနှင့် ပြည် နယ်အစိုးရတို့၏ ဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း (၄၆၀၀၀) ကျော်ဖြင့် အကုန်ကျခံကာ ၂၀၁၅ ခုနှစ်၊ နိုဝင် ဘာလမှ စီမံကိန်းကို စတင်အကောင် အထည်ဖော်ခဲ့ပြီး ၂၃၀ ကေဗွီ မော်လမြိုင်ငန်းတေဓါတ်အားခွဲရုံမှ ချောင်းဆုံသို့ လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြုးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...