ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သားအမတ်စာရင်း ထုတ်ပြန်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သားအမတ်စာရင်း ထုတ်ပြန်
by -
မဇ္စျိမ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လာမည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အတွက် တင်သွင်းသည့် တပ်မတော်သားအမတ် ၁၁၀ ဦး၏ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်သည်။

ယင်း တပ်မတော်သားပြည်သူ့လွှတ်တော်အမတ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမတ် ၁၁၀ ဦးတွင် အမျိုးသမီးစစ်မှုထမ်း နှစ်ဦးသာပါရှိပြီး ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် တို့ ဖြစ်သည်။

ရာထူးတာဝန်များအနေဖြင့် ဗိုလ်ချုပ် ၂ ဦး၊ ဗိုလ်မှူးချုပ် ၆ ဦး၊ ဗိုလ်မှူးကြီး ရ ဦး တို့သာမက ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ များလည်းပါ၀င်ပြီး ဗိုလ်မှူးရာထူးအများဆုံးဖြစ်ပြီး ၅၀ ဦးကျော်သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၀၉ အရ ပြည်သူ့လွှတ်တော်ကို ရွေးကောက်တင်မြှောက်သည့် အမတ် ၃၃၀ ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားအမတ် ၁၁၀ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...