အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်ရှိ

အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်ရှိ
by -
မဇ္စျိမ
အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မယ်လင်နောစကီးသည် ဇန်နဝါရီ ၁၇ရက် မှ ၂၁ရက်ထိ ၅ ရက်တာ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

mizzima18၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိနေပြီး လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေ သည့် အလုပ်သမားအရေးပြဿနာများနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ အသံကို နားထောင်ရန် ရှိနေသည်။

ယင်းအပြင် ရန်ကုန်မြို့လယ်ရှိ ခန်းမတစ်ခုတွင် လူထုနှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲတစ်ခုကျင်းပမည်ဟုလည်း အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

"သူ့ခရီးစဉ်က မြန်မာ့ဒီမိုကရက်တစ်ဖြစ်စဉ်အပေါ်ထားရှိသည့် အမေရိကန်အစိုးရ၏ ကတိကဝတ်ကို ထုတ်ဖော်ပြသလိမ့် မည်ဖြစ်ပြီး၊ မြန်မာပြည်သူလူထု၏လိုအပ်ချက်များနှင့်အညီ အသစ်ရွေးကောက်ထားသည့် အစိုးရသစ် ချော့မွေ့စွာကူးပြောင်းရေးက အရေးကြီးကြောင်းကို အားဖြည့်ထောက်ကူပြောကြားသွားပါမည်။"ဟု အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

တွမ်မယ်လင်နောစကီးသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၄ ခုနှစ်၊ ဧပြီလက စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းမတိုင်မီ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသော ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...